Saturday, May 18, 2013

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ
ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက်
အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ”
ခနဲ ခုန်ပြီးဖြတ်သွားတယ်။
ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတုန်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။

နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး
ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက
ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက
အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ
လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယောက်လုံး ရေပေါ်ကနေလျှောက်ပြီး
ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့
စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း
သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း”
ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။

ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ
အဘိုးကြီးတစ်ယောက်က “မင်းကွာ ဘာများစိတ်ညစ်စ၇ာရှိလို့
ရေထဲခုန်ချတာလဲလို့” မေးတဲ့အခါမှာ လူငယ်လေးက
ကျိုးကြောင်းပြန်ပြောပြတယ်။ဒီတော့မှ အဘိုးကြီးတွေက “ဟ မင်းက ငါတို့ကို
ဘာလို့မမေးတာလဲ၊ငါတို့လျှောက်သွားတယ်ဆိုတာ ဒီနေရာခအရင်တုန်းက
မြစ်ကိုကူးတဲ့တံတားတစ်ခုရှိတယ်။ အခု ဒီတံတားက
ဟောင်းနွမ်းပြီးပျက်စီးသွားတော့ တံတားတိုင်တွေက ရေအောက်မှာ
ကျန်နေသေးတယ်။ငါတို့ငယ်ငယ်လေးကတည်းက ဒီတံတားကိုသွားနေကျဆိုတော့
ပျက်စီးသွားပေမယ့် ဘယ်နေရာမှာ ဘယ်တိုင်ရှိတယ်ဆိုတာသိလို့ အဲဒီတိုင်တွေကို
နင်းပြီးသွားတာ၊ရေပေါ်ကနေလမ်းလျှောက်ပြီး သွားတာမဟုတ်ဘူး” ဆိုပြီး
ပြန်ပြောလိုက်တယ်။

သော်တာမောင်

ရည်ညွှန်း-
-ကိုယ်မသိတာကို ကိုယ့်အထင်အမြင်နဲ့ မဆုံးဖြတ်ဘဲ တကယ်ကျွမ်းကျင်တဲ့သူနဲ့
တိုင်ပင်ဖို့လိုအပ်ပါတယ်။
လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ
ယာက်

ခြင်းတောင်းထဲက ကြက်

  • ခြင်းတောင်းထဲက ကြက် 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။

ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။

ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ "ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ" ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။

ဒီရုရှားပုံပြင်ရဲ့ အမည်က "လောက" ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် - သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ - လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။

တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား - မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် - လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။  
ဆရာပါရဂူ၏ "ခြင်းတောင်းထဲက ကြက်" ကို ဖတ်ရှုရင်း ~

Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^_^ World of Wisdom

Thursday, May 9, 2013

ဆိုကရေးတီး၏စကားတစ်ခွန်း

ဆိုကရေးတီး၏စကားတစ်ခွန်း
............................

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

မှတ်သားသင့်လို့ မျှဝေပါသည်။
ညိုလင်းထွဏ်း

ညိုလင်းထွဏ်းမှ ကူးယူဖော်ပြထားပါသည်။

Wednesday, May 8, 2013

မေတ္တာဘာဝနာ အကျိုး (၁၁) ပါး

မေတ္တာဘာဝနာ အကျိုး (၁၁) ပါး

၁။ ကောင်းစွာ အိပ်ရခြင်း။
၂။ ကောင်းစွာ နိုးရခြင်း။
၃။ ကောင်းသောအိပ်မက်ကို မြင်မက်ရခြင်း။
၎။ လူအများ ချစ်ခင်မြတ်နိုးခြင်း။
၅။ နတ်တို့ ကောင်းစွာ စောင့်ရှောက်ခြင်း။
၆။ နတ်တို့ ချစ်မြတ်နိုးခြင်း။
၇။ မီး၊ လက်နက်၊ အဆိပ်စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း။
၈။ စိတ်တည်ကြည်ခြင်း။
၉။ မျက်နှာအဆင်း တင့်တယ်ခြင်း။
၁၀။ မတွေဝေခြင်း။
၁၁။ ဗြဟ္မာပြည်သို့ လားရခြင်း။
 
source : http://www.worldofwisdom.asia/2013/05/blog-post_8451.html
 
Wednesday, May 1, 2013

ကံကိုချည်းမယုံပါနဲ့

ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ စွန်းပေပါများလာလျှင် (သို့) လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။ ထို့အတူပင် အတွေးမှားအကြံမှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။

လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါသည်။ စိတ်ဆန္ဒချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်..။ လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်းရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟုယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်ပါ၏။

ကံကိုချည်းပုံချတတ်သော အမှားတစ်ခု

ဗုဒ္ဓဘာသာမှန်လျှင် နံပါတ်(၁)အချက်က ကံနှင့်ကံ၏အကျိုးကို ယုံကြည်ရပါမည်။ သို့သော် ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ ဆိုသကဲ့သို့ အတိတ်ကံကိုချည်းပုံချကာ ဘ၀ကို အရှုံးပေးတာမျိုးသည် အလွန်မှားယွင်းသော မဟာအမှားကြီးဖြစ်ပါသည်။

လူကမစွမ်းနိုင်သည့်အခါ၊ လူကအသုံးမကျသည့်အခါ ကံဉာဏ်ဝီရိယကို နှစ်ဆတိုးပြီး ကြိုးစားရမည့် အစား ဒို့ကတော့ ကံမကောင်းဘူး ဒို့လုပ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူးဆိုကာ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးသွားတတ်ကြသည်။ ကံတရားကိုပုံချရုံတင်မက အတိတ်က ကုသိုလ်ကံလေးများ ကိုယ့်ဘက်ကို မျက်နှာသာပေးလိုပေးငြား ၂လုံးထီ သုံးလုံးထီများကို အားကိုးကာ အလွယ်လမ်းကို လိုက်ကြလေသည်။ တစ်နေ့ပေါက်နိုး နှစ်နေ့ပေါက်နိုးနှင့်ပင် ငွေမျောငွေနှင့်လိုက်ရင်း ဆင်းရဲသည်ထက် ဆင်းရဲလာကြလေသည်။

မဃဒေ၀ဆရာတော်ကြီးက  
"အယူတစ်စောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလဲကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ကံမွဲဉာဏ်နုံ့ ၊ မလုံ့မလ၊ နတ်မမဘူး" 
ဟု စပ်ဆိုတော်မူခဲ့သည်။ ဆိုလိုသည်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကံကိုချည်းပုံမချလိုက်ပါနှင့်၊ ကံကမွဲ ဉာဏ်ကမွဲ၊ လုံ့လကမွဲလျှင် မည်သို့မျှ မကြီးပွားနိုင် ဟုဆိုလိုပါသည်။

နိမ့်နေသော ကံကို မြင့်အောင်၊ ဆိုးနေသောကံကို ကောင်းအောင် ကံကိုကြိုးစား ပြုပြင်ဘို့ လိုပါသည်။ ကံဆိုသည်မှာ အလုပ်။ အလုပ်ကောင်းလျှင် ကံကောင်းပါမည်။ သို့သော် အခု ရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရနိုင်ပါ။ အတိတ်ကပြုခဲ့သော အကုသိုလ်ကြောင့် ကံဆိုးမိုးမှောင်ကျနေသော်လည်း လက်ရှိဘ၀မှာ ကံမြင့်ကြောင်း၊ ကံကောင်းကြောင်း ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်သည့်အတွက် အကုသိုလ်ကံ၏ ဆိုးကျိုးများ လျှော့ပါးသွားနိုင်သည်ကို နားလည်သင့်လှပေသည်။

အတိတ်ဝေးစွာ ရှေးအခါက လူငယ်လေးတစ်ယောက် ဒိသာပါမောက္ခဆရာကြီး၏ တက္ကသိုလ်တွင် ပညာသင်ကြားနေချိန် ဆရာကြီးက သူ့တပည့်၏ ဇာတာစန်းလဂ် အညံ့တွေကြောင့် ခုနစ်ရက်အတွင်းသေမည့်ကိန်းအတိအကျတွေ့ရှိလာသည်။ ထိုအခါ ဆရာကြီးက ပရိယာယ်မာယာသုံးကာ တပည့်ကို မိဘများထံ အလွမ်းပြေ အလည်ပြန်ခိုင်းလိုက်လေသည်..။ တပည့်ကတော့ သူသေမှာကို မသိရှာ။

ခရီးဝေးလွန်းလှသော အိမ်ပြန်လမ်းတွင် ပျက်နေသော လမ်းများကို ပြင်သွားသည်။ ကြိုးနေသော တံတားများကို အသစ်ပြုပြင်သွားသည်။ ရှုပ်နေသော လမ်းများကို ရှင်းလင်းသွားသည်။ သေဘေးကြုံနေသော တိရစ္ဆာန်လေးများကို အသက်ကယ် သွားသည်။ နိမ့်ကျနေသော ညောင်ကိုင်းများကို မြင့်အောင် ထောက်သွားသည်။ သည်လိုနှင့်ပင် အိမ်ကို ရောက်သွားပါသည်။ အိမ်မှာ မိဘများနှင့် ပျော်ပျော်ရွှင်ရွှင် အတူတကွနေထိုင်။ မိဘကိုလုပ်ကျွေးပြုစုကာ ကျောင်းသို့ ပြန်လာခဲ့လေသည်။

ခုနစ်ရက်ကျော်မှ မသေဘဲပြန်လာသော တပည့်ကိုကြည့်ကာ ဆရာကြီး အံ့သြသွား လေသည်။ တပည့်က သူ အိမ်အပြန်လမ်းမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ ကောင်းမှုကုသိုလ်ပြုလုပ် ခဲ့သည်များကို ပြောပြသည်။ တပည့်က အသက်ရှည်ကြောင်း ကောင်းမှုများကို ပြုသည့်အတွက် အသက်ရှည်သွားခဲ့သည်ကို ဆရာကြီးနားလည်သွား ပါသည်။

ထို့အတူပင် ကျွန်ုပ်တို့လည်းပဲ ကံဆိုးမိုးမှောင်ကျသည့်အခါ၊ ဖြစ်ချင်သည့်ဆန္ဒ အလျှောက်ကြိုးစားသော်လည်း မရသည့်အခါ ငါနဲ့မထိုက်လို့သာ၊ ငါ့ကံကိုက ကြီးပွားချမ်းသာဖို့ မပါလာဘူးနဲ့တူပါတယ်..လို့ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးကြ မည်လား..။ ကံပြုသမျှ နုကြမည်လား။ လောကဓံလှိုင်းတံပိုးအောက်မှာ ပြားပြားမှောက် လည်စင်းခံကြမည်လား စဉ်းစားကြပါ။

ကံပြုသမျှနုကြမည်ဆိုလျှင် "လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ" ဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် တကယ့်ကို လူဖျင်းလူညံ့များဖြစ်သွားပါလိမ့်မည်..။ "ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ".. ဆိုသ ကဲ့သို့ လောကဓံလှိုင်းကြမ်းလေ ကြမ်းရေစီးကြမ်း ကြမ်းချင်သလောက်ကြမ်းပါစေ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားသင့်လှပေသည်။

ဆရာအတ္တကျော်ပြောသော ပုံပမာလေးကို ပြောပါရစေ။ လယ်သမားတစ်ယောက် လယ်ထွန်ချိန် ခေတ္တနားသောအခါ နွားများကို လွှတ်ကြောင်းထားလိုက်သည်။ နွားအိုကြီးတစ်ကောင် မမြင်မစမ်းနှင့် ရေတွင်းပျက်ထဲကျလေသည်။ တွင်းကလဲနက် နွားကလဲ အိုနေပြီ ပြန်ဆွဲတင်ဖို့ရန်လဲမလွယ်၍ (စိတ်မကောင်းစွာ) နွားကြီးကို တွင်းပျက်ထဲမှာပဲ မြေမြှုတ်ထားခဲ့ဖို့စိတ်ကူးသည်။ စိတ်ကူးအတိုင်းသူက မြေတွေကြုံးလာပြီး တွင်းထဲသို့လောင်းထည့်သည်။ အောက်ကနွားကြီးက သူ့အပေါ်ကနေလောင်းထည့်သော မြေမှုံ့များကိုခါထုတ်ပါသည်။ ခြေထောက်အောက် ရောက်လာသည့်အခါ နင်းတက်လိုက်ပါသည်။ ဤသို့ပင် ခါထုတ်နင်းတက်ရင်း
 နွားကြီးအပေါ်ရောက်လာခဲ့ပါသည်။

ကျွန်ုပ်တို့လည်း ခါထုတ်နင်းတက်နည်းကို ယူကာ ဖြစ်လာသမျှ ကံအဆိုးများကို အသုံးချကာ ကိုယ့်ကိုယ်ကို မြင့်သည်ထက်မြင့်အောင်၊ ကောင်းသည်ထက်ကောင်း အောင် ကြိုးစားကြရပါမည်။ ကံကောင်းအောင် မပြုပြင်ဘဲ ကံကိုချည်းပုံချပြီး ကံယိုးမယ်ဖွဲ့တတ်သော အယူအဆသည် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ဖျက်နိုင်ခဲသော အစွန်းအထင်းကြီး အယူအဆမှားကြီးဖြစ်ပါကြောင်း ဆင်ခြင်
စဉ်းစားနိုင်စေရန် တင်ပြလိုက်ပါသည်။ 
.................................................................................................
အရှင်ဇ၀န (ကုန်းဇောင်း) ရေးသားပြုစုထားသော Blog  
( http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:127330 ) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Tuesday, April 30, 2013

{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }

  • { ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }

မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ
်းရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၁။ အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။ 

၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေ ပါတယ်။

၎။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေတယ်လို့ ဗပကမလနိကေ မှတ်ချက်ပေးထားပါတယ်။

၅။ စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေ ပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

၆။ ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျ စေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

၇။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

၈။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေ ပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာ ကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

၉။ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

    credit to myanmar news update 

Saturday, April 27, 2013

ဘဝတွင် အောင်မြင်ဖို့ရာ

ဘဝတွင် အောင်မြင်ဖို့ရာ

ဒီပုံလေး နိုင်ငံတကာ ဖွဘုတ်ပေ့တွေမှာ အတော်လေး ရေပန်းစားနေ ပါတယ်။ ကောင်လေး တစ်ယောက် အစက မလုပ်နိုင်ဘူးလို့ အထင်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ကြည့်ရင်း အပေါ် ရောက်သွားတာလေးပါ။ လုပ်နိုင်မယ့် အထင်နဲ့ နောက်ဆုံးတော့ ပန်းတိုင်ကို ရောက်သွားတဲ့ ပုံစံမျိုး။

သို့ပေမယ့် အောင်မြင်သွားတဲ့ သူအတော်များများရဲ့  လက်ကိုင်ထားတဲံ လမ်းစဉ်နဲ့ နည်းနည်းတော့ လွဲနေပါတယ်။ ဘုရင့်နောင် ဖောင်ဖြတ် ဆိုရိုးကလည်း အရှိသားလေ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကိစ္စကို သူပြန် နောက်မဆုတ်ဘူး။

နောက်တစ်ခုက ကမ္ဘာကျော်တီထွင်ပညာရှင်တွေ။ အက်ဒီဆင်တို့ မီးလုံး ဖန်တီးတုန်းက သူပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။

"ငါမကျရှုံးဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း တစ်ထောင်ကို ရှာတွေခဲ့တာ" တဲ့။

I found 1000 ways not to make a lightbulb လို့ဆိုပါတယ်။

ဒီမှာကတည်းက အက်ဒီဆင်ရဲ့  ခံယူချက်ကို မြင်နေရပါတယ်။ သူ စလုပ်ကတည်းက အရှုံးအတွက် လက်မိုင်မကျဘူး။ အရှုံးအတွက် ဝမ်း မနည်းဘူး။ ပုံကပြထားတဲ့ ကလေးလို လှေကားမှာ မိုင်မနေတတ်တဲ့ လူစားမှန်း သူ့စကားနဲ့ လုပ်ရပ်က သက်သေပြပါတယ်။ ပညာရှင်များ က တီထွင်ဖန်တီးမှု မအောင်မြင်သည့်တိုင် "ငါ လုပ်ကောလုပ်နိုင်ပါ့ မလား" လို့ ကိုယ့်ကိုယ့်ကို ပြန်မေးခွန်း မထုတ်ပါဘူး။ အလုပ် စလုပ်ကတည်းက ခြေလှမ်းတိုင်းမှာ အားပါပြီးသားလေ။ ပထမ ၁ လမ်းမှာ ထားတဲ့ ခံယူချက်နဲ့ ပန်းတိုင်ရောက်ခါနီးထားတဲ့ ခံယူချက်က မပြောင်းလဲပါဘူး။ အက်ဒီဆင်တို့ မီးလုံးထွင်တုန်းက ပထမဆုံး ခြေလှမ်းနဲ့ နောက်ဆုံး ခြေလှမ်း ခံယူချက် ပြောင်းမသွား ပါဘူး။ ဖြစ်မလာသေးတာပဲ ရှိတာကို သက်သေပြသွားပါတယ်။

ဒီတော့ စာဖတ်သူတို့အထဲမှာလည်း အလုပ်တစ်ခုကို မစခင်ကတည်းက ငါလုပ်နိုင်ပါ့မလားလို့ သံသယဝင် ကြေက်ရွှံ့ နေရင် ဘယ်လမ်းစဉ်က ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ချင့်ချိန် စဉ်းစားနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)

Re-Post By ကိုနော်(Wisdom Life) 27-4-2013
  Credit & Copy From
အေးချမ်းမွန်
>TechSpace Journal<Thank

Monday, April 22, 2013

သင်ဆိုရင်ရောဘယ်လိုလုပ်မလဲ။

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး

'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..

၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..

'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။

ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက်
ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..'

"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့

"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..

"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …

'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့

ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်
းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊
ပြီးတော့ လက်မောင်းကိုက်လာမယ် ၊

ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့
ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ်

..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ
ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'

လို့ ဆက်မေးတော့

" မတိုးပါဘူး " လို့ တညီတညွှတ်တည်းဖြေကြတယ် …

' ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့
အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊

အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ ' လို့မေးတော့
ကျောင်းသူတစ်ယောက်က " Put the Glass Down"

'ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက " သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို
ခေါင်းထဲမှာခဏလောက်ထည့်ထားရင်

ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့
မင်းတို့ကို စတင်ပြီး

နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ
တစိတ်တပိုင်းပါ။ "

" ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့
တနေကုန်အဖြေရှာမရတဲ့အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက်
ဒါတွေဆက်တွေးတောဖို့အားအင်တွေလိုပါတယ် … "

" လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို
ခဏလောက်ပြန်ချထားခဲ့ပါ ..'" လို့ ဆရာက မှာလိုက်ပါတယ် .

သူငယ်ချင်းတို့ ရေ .. အကောင်းဆုံး ဥပမာလေးပါ ... ။ ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ကြုံလာတိုင်း ဒီဥပမာလေး ကို နမူနာယူပြီး စဉ်းစားဆင်ခြင်နိုင်အောင်လို့ပါ

 Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Sunday, April 21, 2013

ညညည်းသံ

အလျိုအလျိုအိမ်ပြန်ကြတဲ့ခြေလှမ်းတွေ
ကွေ့ကောက်ကြုံလှီတဲ့လမ်းတွေမှာ
ဖြောင့်ဖြောင့်လျောက်ဖို့ဆိုတာ တွေခနဲ
တရှိုက်မက်မက်ဖွာရှိုက်လာတဲ့
မောဟဆေးလိပ်တိုကို ခြေထောက်နဲ့ဖိနင်းရင်း
ဘ၀ဆိုတဲ့အကြောင်း အခြေအမြစ်မရှိတွေးမိတယ်။
အနာဂါတ်ကလှေကားတွေအကြောင်း
ပင်လယ်ပြင်က လှိုင်းမိုက်တွေအကြောင်း
ညနက်အတွင်းက ဘ၀ပျက်တွေအကြောင်း
မှောင်ရီအတွင်းက ရောင်ခြည်မသိသူတွေအကြောင်း
-
ခုလဲကြည့် စည်းကမ်းဆိုတာကို
လုံးချေပြီး လမ်းပေါ်သူတို့ပစ်ခဲ့ကြပြီ

မှောင်မိုက်ခြင်းတွေနဲ့အတူ

မြို့လေးရဲ့အဖျားဒီဂရီမြင့်တက်ခဲ့ပြီ
-
-
-
-
ကိုယ့်နှဖူးကိုယ်ပြန်စမ်းကြည့်မိတယ်

ခြစ်ခြစ်တောက်ပါကလား။

ကိုနော်(Wisdom Life)
10:35 p.m
21.4.2013

Friday, April 19, 2013

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ
ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု
ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင်
ကျေးကျွန်ကောင်းလဲသူ

Saturday, April 13, 2013

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက်

(1) ပညာရေးအတွက်အထောက်အကူ

Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။

(2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ

အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။

(3)စီမံခန့်ခွဲမှု

စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမကိုးပဲ သုံးရသောမြန်မာနိုင်ငံလိုမျိုးတွင် မိမိ၏ mobile data ကိုအလဟဿမသုံးစေရန်အထူးသတိထားသင့်ပေသည် အချိန်သည်ငွေဖြစ်သလို အချိန်သည်လဲ ရွှေဖြစ်သည်။။)ဘာသာပြန်သူ

(4)ကျယ်ပြန်သောလေ့လာမှု

မိုဘိုင်းဖုန်းများ အင်တာနက်များ၏အသုံးဝင်မှုများကြောင့် လူများက လိုအပ်သလို ရှာဖွေကြည့်ရှုနိုင်သောကြောင့် စက်ရုံအကြောင်းများ မိမိသိချင်သောနည်းပညာများ စာတမ်းများ ကို ဖတ်ရှုနိုင်သောကြောင့် ကျယ်ပြန်သောဗဟုသုတများကိုရရှိနိုင်မည်ဖြစ်ပါသည်.။

(5)အထူးစီမံပြုလုပ်ချက်များ

ခေတ်မှီလာသော လုပ်ဆောင်ချက်များနှင့် appliction များကြောင့် လိုအပ်သလို ရှာဖွေနိုင်ခြင်း သတင်းအချက်အလက်များအား ရယူနိုင်ခြင်းစသော အထူးစီမံပြုလုပ်ချက်များပါသော ဆော့ဝဲလ် များကြောင့် အကျိုးကျေးဇူးကိုဖြစ်စေမည်ဖြစ်သည်။

ဆိုးကျိုးအနည်းငယ်များ

(

(1)ကုန်ကျစရိတ်

လူကြီးမင်းတို့သိကြတဲ့အတိုင်း ဖုန်းများဖြင့်အင်တာနက်သုံးခြင်း မက်ဆေ့ပို့ခြင်းစသည်တို့သည် အိမ်တွင်းသူခိုးများဖြစ်ကြောင်းကျွန်တော်ဘာသာပြန်သူမြင်မိသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းသုံးသူများမိမိ၏၀င်ငွေထွက်ငွေနှင့် မိုဘိုင်းဖုန်း အသုံးပြုသူများအထူးချင့်ချိန်သင့်ပေသည်။

(2) ဖုန်း၏အရွယ်အစားနှင့် Screen Size 

ထိုအချက်များကိုလဲဖုန်းဝယ်မည်ဆိုလျှင် အထူးထည့်သွင်းစဉ်းစားသင့်ပေသည်။ စကရင်အရွယ်အစားသေးလျှင်ကြည့်ရတာ သေးကွေးလှပြီး မျက်စိကျန်းမာရေး လည်ပင်းကျန်းမာရေးကိုထိခိုက်စေကြောင်းအသိပေးလိုပါသည်။ 

(3) ဘက်ထရီကုန်ကျမှု

မြန်မာနိုင်ငံအနေနှင့်တော့ငုင်းကိုထည့်သွင်းစဉ်းစားသင့်ပေသည် မီးမမှန်သောဒေသများတွင် ဖုန်းအားသွင်းရန်အခက်အခဲများရှိသောကြောင့် Portable Charger များကိုလည်းဝယ်ယူဆောင်ထားသင့်ပါသည်။

(4)နည်းပညာများ၏ကျယ်ပြန့်မှု

တိုးတက်လာသည်များက၀မ်းသာစရာဖြစ်သော်လည်း တချို့ ဘလော့ခ်ဂါများ၏ဖြီးလုံးများကြောင့် ယုံကြည်ပြီး လိုက်လုပ်ကြပြီးဒုက္ခရောက်ကြသည်ကိုလဲတွေ့ဖူးပါသည်။ ရေးသားသောစာတိုင်းကိုလဲ မယုံကြည်သင့် ငုင်းကားနည်းပညာများ၏ကျယ်ပြန်မှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးတစ်ခုဖြစ်ပေသည်။
(အင်တာနက်တွင်တွေ့သော ပို့စ်ကိုမြင်ပြီးလိုက်လုပ်ရာမှ ဘာသာပြန်သူ၏ဖုန်းပျက်ဖူးပါသည်။)

 ဘာသာပြန်သူ

ရဲမင်းထွန်း(Wisdom Life)

 မှီငြမ်း http://edudemic.com/2012/12/mobile-learning/

Friday, April 12, 2013

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးလျှင် 

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။

သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။

Ref: medic-facts

Myawady Health မှကူးယူဖော်ပြပါသည်။
--------------------------------------------------------------------------
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။

သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။

Ref: medic-facts

Myawady Health မှကူးယူဖော်ပြပါသည်။

Thursday, April 11, 2013

ကိုယ့်ကိုကိုယ်ပြောပါရစေ။

ငါဒါလုပ်နိုင်နေပြီ၊ ငါဆရာကြီးဖြစ်ပြီဘဲ
ငါဒီရာထူးရနေပြီ ၊ငါဘာမှ သင်စရာမရှိတော့ဘူး
ငါပိုက်ဆံဒီလောက်ရှာနိုင်နေပြီ။
ဘယ်သူနဲ့လာယှဉ်မလဲ

ပြန်တွေးလိုက်တော့
ကိုယ်လုပ်နိုင်တဲ့အကြောင်းအရာအားလုံးက
နွားခြေရာခွက်ထဲက ရေအိုင်ငယ်ပမာ
နောက်ကျိကျိ ခပ်တိမ်တိမ်
ဧ၀ရတ်တောင်နဲ့ယှဉ်လိုက်ရင်
ဆင်နဲ့ပုရွက်ဆိတ်ငယ်ပမာ၊ ပင်လယ်ကြီးနဲ့ယှဉ်ဖို့ရာဝေး
ဘာမှမဟုတ်သေးတဲ့ ငါပါလား။

-မာနဆိုတာလဲမထားသင့်တဲ့နေရာမထားတာကောင်းတယ်
တလွဲမာနတော့မဖြစ်စေနဲ့ပေါ့။
Realism ဆိုသလို အမှားနဲ့အမှန်ဒွန်တွဲစဉ်းစားတက်မှ
လူပီသတဲ့လူဖြစ်မှာပေါ့
လူဖြစ်ပြီးလူမပီသတဲ့ လူ ဖြစ်မှာငါအကြောက်ဆုံးပဲ။

အသက်ကြီးပြီးမရင့်ကျကြသေးတဲ့
အူတူတူလူသားတွေအတွက် သူတို့အစားတွေးပြီး ရင်လေးမိတယ်
ဘ၀ဆိုတဲ့ရထားပေါ်မှာ ရည်ရွယ်ချက်မဲ့ပြီး
လျောက်လှမ်းနေကြတာ ဒုနဲ့ဒေး
ဘာမှမပါလဲလူ့ဘ၀ကိုလာပြီး ဘာမှမလုပ်၊ ဘာမှ မပါဘဲပြန်ထွက်သွားမလို့လား
ငါခေါ်မေးလိုက်ချင်ရဲ့။

-မြေကြီးပေါ်က မြေမှုန်လေးတစ်မှုန်က
သူ ပန်းအိုးလေးတစ်လုံးအဖြစ်တာဝန်ယူခဲ့ပြီး
ပန်းလေးတွေ ရှင်သန်အောင်သူပံ့ပိုးခဲ့တယ်။
တစ်ချိန်ချိန်မှာသူ ကွဲသွားမှာ မှန်ပေမဲ့
ကွဲသွားတဲ့အချိန်မှာ သူလက်မထောက်ပြီး
ရှုံးနိမ့်ခဲ့တယ်
သူအကောင်းဆုံးစွမ်းဆောင်ကြိုးစားခဲ့တာကိုး။

-ငါလဲဒီလိုပဲ တစ်ထောင့်တစ်နေရာကနေပြီး
ပံ့ပိုးကြိုးစားရင်း အသက်စွန့်သွားချင်တယ်
လူသားဆန်ပြီး ကြိုးစားတဲ့လူတစ်ယောက်အနေနဲ့
ပြုံးပြုံးကြီး လက်မထောင်ပြီး
လူ့လောက က ထွက်သွားနိုင်အောင်
ကြိုးစားသင့်တာပေါ့။

-အရှုံးတွေအမုန်းတွေ အားလုံးပျက်သုန်းပြီး
ရှုံးနိမ့်လဲကျလည်း လမ်းလျောက်တက်စ ကလေးငယ်လို
ပြန်ကုန်းထပြီး လမ်းပြန်လျောက်နိုင်အောင်
ကိုယ်တိုင် ရုန်းထနိုင်ရမှာပေါ့။
"အရှုံး" ဆိုတာ "အနိုင်"အတွက် လှေကားထစ်တွေပေါ့။
ရဲရဲ လျှောက်လှမ်းကျော်ဖြတ်နိုင်ရမှာပေါ့။

11.4.2013
ရဲသွေး
9:35 P.M

တက္ကသိုလ်ကျောင်းသားဟူသည်

တက္ကသိုလ်ကျောင်းသားဟူသည်
ကျွန်တော်တို့တိုင်းပြည်မှာအခြေခံပညာကျောင်းပြီးသူတိုင်း အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့တက္ကသိုလ်တွေကို သွားပြီးပညာသင်ကြားကြရပါတယ်။တက္ကသိုလ်တွေကိုသွားပြီး ပညာသင်ကြားကြပါတယ်။ယခုခေတ်မှာ တွေ့နေရတာတွေက တက္ကသိုလ်တက်သာတက်နေတာ မိမိဝါသနာနဲ့မကိုက်ညီတဲ့ မေဂျာ(Major) ကိုယူပြီးတက်နေကြတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာ Brain Drainတွေပါပဲ။ဖြစ်ခဲ့တာတွေကို မပြောတော့ပါဘူး အပြစ်မတင်တော့ပါ။ ရှေ့ဆက်လျောက်မည့်လမ်းကိုသာ ပြောလိုဆွေးနွေးလိုပါတယ်။ အကြောင်းကြောင်းကြောင့် မေဂျာနဲ့ ၀ါသနာ မကိုက်တာတွေရှိနေသော်လည်း သုံးနှစ်၊ငါးနှစ်၊ခြောက်နှစ် စတဲ့အချိန်တွေကိုအလဟသ မကုန်စေချင်ပါဘူး။ စိတ်မပါဘဲတက်နေတဲ့ ကျောင်းတွေမေဂျာတွေကို တက်နေရသော်ငြားလဲ ကျောင်းတက်ရင်း မိမိဝါသနာပါရာ အလုပ်၊ပညာ စတာတွေကို အချိန်ကို စနစ်တကျခွဲယူပြီး လေ့လာရင်ရပါတယ်။ဒါမှကျောင်းပြီးရင် မိမိလုပ်ချင်တာလဲလုပ်ရ၊ လုပ်သင့်တာလဲလုပ်ရပြီး အောင်မြင်ပျော်ရွင်တဲ့ပညာသိ၊ပညာတက်တွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အမိန့်ပေးနေခြင်းမဟုတ် အချင်းချင်းလက်တွဲ ခေါ်ဆောင်ခြင်းသဘောမျှသာ…………..။
          စိတ်လေပြီး မပျက်စီးစေချင်ပါဘူး။ ဒါကြောင့် ဒီ ဘလော့ခ် ကို ရေးနေခြင်းဖြစ်ပါတယ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် (Ambition)ကို မပျောက်စေဘဲ ရဲရဲရင့်ရင့်၊ပြတ်ပြတ်သားသား ကြိုးစားကြဖို့လိုပါပြီ။ Do it Now!!!! ဆိုသလိုပါပဲ။ယခုသာစတင်ပြောင်းကြပါစို့..။ တိုးတက်များပြားလာတဲ့ အင်တာနက်ဆိုင်တွေမှာလဲ Chatting တွေGame တွေ နဲ့ ပဲ အချိန်မကုန်စေဘဲ မိမိဝါသနာပါရာ ၊စိတ်ဝင်စားရာ တွေကိုလိုက်ရှာဖတ်ရှု၊ အသုံးချကြပါလို့ အကြံပေးချင်ပါတယ်။ အကျိုးရှိမဲ့ စာအုပ်တွေဗွီဒီယိုတွေ ၊စာတမ်းတွေ စတာတွေ အကုန်ရှိတဲ့ ဗဟုသုတဘဏ်ကြီးဟာ Internet ဆိုတာ မမေ့သင့်ပါဘူး။ ပြောချင်တာတွေ အများကြီးရှိပေမဲ့ များသွားရင် စာဖတ်သူ ငြီးငွေ့ သွား မှာ စိုးလို့ ဒီလောက်နဲ့နားခွင့်ပြုပါ။
          တိုတောင်းတဲ့လူ့ဘ၀မှာတန်ဖိုးရှိတဲ့ အချိန်တွေကိုအကျိုးရှိရှိအသုံးချရင်း နိုင်ငံ၊ဘာသာ၊သာသနာ အတွက် ရဲရင့်ပြီး လက်ရုံးရည်၊နှလုံးရည် ပြည့်ဝသောကိုယ်ပိုင်အရည်အချင်းဖြင့်ပြည့်ဝသောသူများဖြစ်ကြပါစေ လို့ဆန္ဒပြုရင်း နိဂုန်းချုပ်ခွင့်ပြုပါ။
“အကျင့်စာရိတ္တပိုင်းလေ့ကျင့် ပျိုးထောင်မှုမပါဘဲ စာကိုသာ လေ့ကျင့်ပေးသောပညာရေးသည် လူ့အသိုင်းအ၀ိုင်းအတွက် ခြိမ်းခြောက်နေမှု အန္တာရာယ်တစ်ရပ်ဖြစ်နေပါတယ်။”

One Thing We Needs

One Thing We needs
                ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ဖြစ်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ကိုယ်ချင်းစာစိတ်ဟူသည်လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာအရမ်းကိုစကားပြောပါတယ်(အရေးပါတယ်)ကိုယ့်မှာဒီလိုမျိုးခံစားရရင်ကျေနပ်မလားဆိုပြီးအရင်ခံစားနားလည်တက်တဲ့ကိုယ်ချင်းစာစိတ်မွေးကြပါလို့တိုက်တွန်းချင်ပါတယ်။လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာစစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ်၊မိမိအိုးအိမ်တည်မြဲရေး၊ မိမိမျိုးဆက်ကျန်းမာပျော်ရွှင်ရေးစသောအချက်တွေကိုဆောင်ကျဉ်းပေးနိုင်မယ်“ထာဝရငြိမ်းချမ်းရေး”ကိုသာလိုလားတယ်လို့ထင်ပါတယ်။ဒေါသတွေပါတဲ့လုပ်ရပ်တွေကြောင့်အပူမီးတွေဟာဆက်ဆက်ပြီးလောင်ကျွမ်းစေခဲ့ပါတယ်။ရန်ကိုရန်ချင်းပြန်ဖြေရှင်းနေရင်တော့ကမ္ဘာသာပျက်သွားမယ်။စစ်ပွဲကပြီးမှာမဟုတ်ပါဘူး။ရန်ငြိုးဆိုတာအဆုံးသတ်ရိုးထုံးစံမရှိပါဘူး။အကယ်၍တစုံတစ်ယောက်ကကိုယ့်ကိုကိုယ့်အမျိုးကိုစော်ကား၊ဖျက်စီးလိုက်တယ်ဆိုရင်လဲ။ဒေါသဖြစ်မှာမှန်ပေမဲ့။ဒေါသနဲ့မဖြေရှင်းပဲတရားဥပဒေဘောင်အတွင်းကသာဖြေရှင်းသင့်ပါတယ်။“ဒေါသနောက်မှာအမှားတွေ နောင်တတွေလိုက်လာတက်ပါတယ်။”အမှားကို ကြိုသိမြင်ထားမှ ရှောင်ကျဉ်နိုင်မှာပါ။
          “ဒေါသကြောင့် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေမဖြစ်စေချင်တော့ပါဘူး။”
ဟီရိုရှီုးမားကိုနျူကလီးယားဗုံးချတုန်းကဗုံးဒဏ်သင့်ကလေးလေးရေးခဲ့တဲ့ကဗျာလေးတိုက်ဆိုင်လို့ မျှဝေလိုက်ပါတယ်။ကဗျာလေးကအောက်ပါအတိုင်းပါ…………………
ပြန်လျော်ပေး
ကျွန်တော့်အိမ်တွေပြန်လျော်ပေး
ကျွန်တော့်မိဘတွေ၊ဆွေမျိုးတွေ ပြန်လျော်ပေး
ကျွန်တော့်ကိုလဲ ပြန်လျော်ပေး
ပြန်လျော်ပေး……..ပြန်လျော်ပေး။
အဲလိုသနားစဖွယ်မြည်တမ်းနေပေမဲ့နောင်တ တရားတွေနဲ့သာအဆုံးသတ်သွားပါတယ်။ဒီလိုမဖြစ်ရအောင်
“အပြန်အလှန်လေးစားတန်ဖိုးထားကြပါစို့” စစ်ဘေး၊သဘာဝဘေးစတဲ့ ကပ်ဆိုးကြားက
လူတွေအကြောင်းစဉ်းစားရင်း ခပ်တိုးတိုးညည်းမိတဲ့
အင်္ဂလိပ်သီချင်းစာသားလေးက
“Give Me Sunshine,
Give me Some Rain.
Give me another Chance,
To grow up Once Again!!!!!!!!!”