အင်း တွေးမိတိုင်းချစ်တယ်ဆိုတဲ့အဖြေကလွဲပြီး ထွက်မလာဘူး ဖော်မျူလာလဲ စုံလှပြီ ဥာဏ်နီဥာဏ်နက်လဲစုံလှပြီ စုံလှတဲ့ တွက်နည်းတောင် ချစ်တယ်ဆိုတဲ့ အဖြေလေးက ယောင်လို့တော့ ထွက်မလာတာ အံ့စရာ ဘ၀က ခပ်ပါးပါးအသိနဲ့ ခပ်နွမ်းနွမ်းလျောက်နေရတော့ အချစ်ဆိုတာလဲ တကူးတက............... ရိုးသားမှဒိုးပြားရမယ်ဆို ဒိုးပြားမရှိတာက ဘယ်သူ့အပူပါလိမ့် သစ္စာကို ပုခုံးပေါ်တက်ပြီး ချွေးပြိုက်ပြိုက်ကျအောင် ဇွဲနဲ့တက်နေတာတောင် ထိပ်မရောက်ဘူး ................ မြင့်လှချည်လား ချစ်တောင်တန်းရယ်။
Note of Memories