Sunday, July 29, 2012

သတိရရဲ့လား။

သတိရရဲ့လားဆိုလို့ သီချင်းမှတ်နေကြပါအုန်းမယ်။ ကျွန်တော့် ခံစားချက်ကဗျာလေးတစ်ပုဒ်ချရေးပြီး ရင်ဖွင့်ပါရစေအုန်းဗျာ။ မွန်းကြပ်နေပြီ ကဗျာလေးနဲ့ဖောက်ထွက် ရင်ဖွင့်ခွင့်ပြုပါ သက်ဆိုင်သူသိနိုင်ပါစေ။(သက်ဆိုင်ရာ မဟုတ်ပါ )
 သတိရရဲ့လား

ဘ၀ကိုယ်စီနဲ့ လှမ်းနေကြတော့ 
ချစ်ရသူ မျက်နှာတောင်တစ်ပတ်တစ်ခါမြင်ခွင့်မရှိခဲ့ဘူး
မြင်ရလဲ ကြည့်မ၀တဲ့မျက်နှာလေးနဲ့ ပြန်ခွဲရမှာ သိပ်လွမ်းတယ်
အချိန်တွေကိုရပ်တန့်ပစ်လို့ရရင် ရပ်ထားလိုက်ချင်တယ်။
ချစ်ရသူနဲ့ဘယ်ချိန်မှ တူတူနီးစပ်ပြီးချစ်ခွင့်ရပါ့မလဲ။
ချစ်ရသူကော ကိုယ့်ကိုသတိရဲ့လား။
အရှုပ်ထုပ်မရှိဘူးဆိုပြီး ၀မ်းများသာနေမလား။
ကွာဝေးနေတဲ့တောင်တန်းတွေကြားကနေပဲ လွမ်းနေမလား။
ကာရန်ကဗျာမဟုတ်တော့ ကာရန်မညီတာခွင့်လွတ်ပါ။.
အိပ်ရာဝင်ခါနီးတိုင်းသတိရတာ သူသိနိုင်ပါ့မလား။
စာအုပ်ဖတ်တိုင်းလဲ သူဒီလိုစာအုပ်လေးဆိုရင်ကြိုက်မှာပဲလို့တွေးမိတာ
ချစ်သူ သိနိုင်ပါ့မလား။
သီချင်းနားထောင်တိုင်းလဲ ချစ်တဲ့သူဆီစိတ်ရောက်ရောက်နေတာ
ချစ်သူသိနိုင်ပါ့မလား။
မိုးစက်တွေမြင်တိုင်း လွမ်းနေတယ်ဆိုတာ သူသိနိုင်ပါ့မလား
တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရ လွမ်းဆွတ်နေတာသူသိနိုင်ပါ့မလား
ချစ်ရသူရင်ထဲ ကို ကဗျာလေးကတစ်ဆင့်ပြောပေးပါဗျာ
ခွဲခွာနေရတာက တစ်ချိန်မှာ ဆုံစည်းဖို့ဆိုတာ ယုံကြည်နေတုန်းပဲလို့
ဘယ်တော့မှမပြောင်းလဲတဲ့အချစ်တွေနဲ့ပဲ 
ချစ်နေပါ့မယ် ချစ်သူ.........။
ကိုယ့်အချစ်တွေက တစ်ခဏအတွက်မဟုတ်ပါဘူး .
ထာဝရ မင်းလေးအတွက်ပါ...။
ခွဲခွာရတာနဲ့အမျှ အချစ်တွေတဖြည်းဖြည်းတိုးတာတာ ချစ်သူသိနိုင်ပါ့မလား။
စာသမားတစ်ယောက်ဆိုတော့ 
စာရယ်ကဗျာရယ် သီချင်းရယ်ကလွဲပြီး ရင်မဖွင့်တက်ဘူး
ခံစားသမျှတွေက စာတွေကဗျာတွေပဲဖြစ်ဖြစ်ပြီး 
အွန်လိုင်းရောက်ကုန်တာများတယ်။
ချစ်သူရင်ခွင်ကို ခိုလှုံချင်လှပါပြီ။
ခံစားနားလည်မှုအပြည့်နဲ့ပေါ့ချစ်သူရယ်။
ကြိုဆိုနိုင်ပါ့မလား။
ချစ်တဲ့
ကိုနော်(wisdom Life)
 

Sunday, July 1, 2012

လက်တို့ဆုံရာဝယ်

                                                                  လက်တို့ဆုံရာဝယ်
“ခွမ်း” ပုလင်းကျကွဲသံကြောင့် ဘေးမှလူများစူးစမ်းကြသည်။ကျွန်တော်ကဒေါသတွေနှင့်ဘာမှ မမြင်တော့ လက်မှာလဲ ကပ်စေးစေး နီပျစ်ပျစ်သွေးတွေ စွန်းနေပြီ။အကြောင်းက ပုလင်းကိုရိုက်ခွဲလိုက်လို့ လက်ကိုပြန်ရှတာပါ။
ကျွန်တော်သွေးစွန်းတဲ့လက်နဲ့ လက်ညိုးငေါက်ငေါက်ထိုးပြီး

“မင်းမို့လုပ်ရက်တယ်ကွာ၊ငါတန်ဖိုးထားတဲ့ သစ္စာတရားကို မင်းမို့လို့စော်ကားရက်တယ်။ မင်းပျက်ပြီလို့ပြောခဲ့တဲ့ မင်းရဲ့ အဆက်ဟောင်းကြီးနဲ့မင်းပြန်ဆက်တယ်။ မင်းကိုချစ်ခဲ့တဲ့ သစ္စာတရားတွေနဲ့ ငါ့နှလုံးသားကို မြေမြှုပ်ပစ်ရမှာလားကွ            ဟင်”

“ဖြေလေကွာ”                              သူမကဆွံအ ဆဲပင်။

ကျွန်တော်ချစ်ခဲ့တဲ့ ခတ္တာ၊သူ့လုပ်ရပ်က သူ့စိတ်ဓာတ် ကိုဖော်ပြခဲ့ပြီ။ မပြောမပြီး မတီးမမြည်ဆိုသလိုပဲ ကျွန်တော်ပွဲကြမ်းတော့သည်။သူ့ပါးပြင်ထက် ကြွေဆင်းပြီး ပုလဲတွေခ နေတဲ့ မျက်ရည်က မာယာမျက်ရည်လား?? နောင်တမျက်ရည်လား?? မပြောတက်ပေ။
“မင်းကိုငါ အပြတ်ပြောခဲ့မယ် ခေတ္တာ၊ ကတိလဲပေးခဲ့မယ် ငါဆိုတဲ့ကောင်က မင်းနဲ့နောက်တစ်ကြိမ်လုံးဝ မပတ်သတ်စေရဘူး။ ”
ပြောရင်းမျက်ရည်လည်လာမိတယ်။ကျွန်တော့် အချစ်ကို သူရက်စက်တယ်ဗျာ။ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ဝင်သွားမိတာက ကိုကျော်ဝင်း အရက်ဆိုင်ထဲပါ။ မ၀င်စဖူးဝင်လာတဲ့ ကျွန်တော့်ကို
“ဟေ့ကောင် မင်းဘာဖြစ်လာတာလဲ ကောင်လေးရ ငါမင်းကိုမရောင်းရဲဘူးနော် မင်းအဖေအကြောင်းလဲ မင်းသိသားနဲ့ကွာ မသောက်ပါနဲ့။”
“ခင်ဗျား ကျွန်တော့်ဘ၀ကို လာမစိုးမိုးနဲ့ဗျာ ရောင်းမှာသာရောင်း ပိုက်ဆံပေးမယ်စိတ်ချ”
ကိုကျော်ဝင်းက မရမှန်းသိလို့ ပုခုံးတစ်ချက်တွန့် ပြီး ပုလင်းလာချပေးတယ်။ပြောလဲပြောသေးတယ်လာချရင်း
“လျော့သောက်နော် ကောင်လေး၊ မများစေနဲ့”
ပူခနဲ ဆင်းသွားတဲ့ ဘီအီး နှစ်ပက်ကို ဒေါသနဲ့မြိုချလိုက်တယ်။ ချထားတဲ့ ငါးကြော် တစ်ကင်ကို ခေါင်းကနေ ၀ါးပစ်လိုက်တယ်။
“ထွီ”
“ဟေ့လူခင်ဗျားငါးကလဲ ချေး တောင် ပြောင်အောင်မဆေးဘူး xxxxxxxxမှပဲ။”
ကိုကျော်ဝင်းတောင်းပန်ရှာတယ်။
“နောက်မဖြစ်စေရပါဘူးကွာ”
“အမှားတွေအများကြီးကျူးလွန်ထားတဲ့သူတွေကို လူကြီးလို့ခေါ်တယ်၊ခင်ဗျားလိုလူတွေပေါ့”
“ကျုပ်တို့လူငယ်တွေကတော့ ဆက်မှားဖို့ကြံစည်နေအုန်းမှာပဲ”
“ငါ့ကိုငှဲ့ပေးအုန်းကွာ”  သူငယ်ချင်းအောင်နိုင်ကိုကျွန်တော်လှမ်းပြောလိုက်တယ်။သူကငှဲ့ပေးရှာတယ်။ကျွန်တော့အထင် ရေများများရောတယ်ထင်တယ် သိပ်မမူးဘူးဗျ၊အဖေ့ကိုကြောက်လို့ ကျွန်တော့ကို လျော့တိုက်နေတာထင်တယ်။
“ပေးစမ်းကွာ မင်းက ကဗျာဆန်နေသေးတယ် များများငှဲ့စမ်းပါ ငါလောကကြီးကို ခဏဖြစ်ဖြစ် မေ့ချင်တာကွ။”
 ခွက်ကိုယူပြီးမော့ချလိုက်တယ်။
“ခွပ်” ကနဲ့ကြားလိုက်ရပြီး ခေါင်းက ခုံစောင်းနဲ့သွားတိုက်တယ် ဘာမှမသိလိုက် ဘူး ။လှည့်ကြည့်လိုက်တော့ လက်သီးက ကျွန်တော့်မျက်နှာကိုထပ်ဝင်လာပြန်တယ်။
ဒီတစ်ခါတော့ သည်းမခံတော့ဘူးဒေါသ နဲ့ပြန်လှည့်ကြည့်လိုက်တော့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသော ဖေဖေ။
“ပြန်လိုက်ခဲ့ ခွေးလိုကောင်xxxxxxx@#$!!#@#”
ဆွဲခေါ်သွားလို့အိမ်ပြန်ရောက်သွားလေရော။
အိမ်ပြန်ရောက်တော့ အဖေကန်လိုက်လို့ ကွဲသွားတဲ့ ခေါင်းကို အမေက ပတ်တီးစည်းပေးရင်း အမေ မျက်ရည်တွေစီးကျလာတယ်။ ကျွန်တော်စဉ်းစားရကျပ်သွားတယ်။ အဲလောက်ခံစားရလို့လားအမေရယ်။သူကပြောသေးတယ်။
“မင်းက မင်းအဖေမကြိုက်တဲ့ဟာကိုမှ သွားလုပ်တာကိုး ငါ့သားရဲ့၊မင်းအဲလို စိတ်ဓာတ်ပျော့ညံ့ရင် မင်းလောကကြီးကို ဘယ်လိုရင်ဆိုင်ရမလဲ သားရယ်”

“ဟေ့ကောင် မသေမချင်မှတ်ထား ဘယ်သူ့ကြောင့် ဒုက္ခရောက်ရောက် ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့ နည်းနဲ့ဘယ်တော့မှ ထွက်ပေါက်မပေးရဘူးကွ မသေမချင်းမှတ်ထား။”

“ဒီလိုပျောညံ့တဲ့စိတ်ဓာတ်တွေ လုပ်ရပ်တွေ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ သားရယ် မိဘမျက်ရည်ကျအောင် ဘယ်တော့မှ မလုပ်မိစေနဲ့တော့ နော် သား”
    ကျွန်တော်နောင်တမျက်ရည်တွေနဲ့ ပြန်မပြောနိုင်ခဲ့ဘူး ခေါင်းပဲငြိမ့်နိုင်ခဲ့တယ်။စိတ်ထဲမှာပြောနေတဲ့စကားက
“စိတ်ချပါ ကျွန်တော့်ကြောင့် လူတွေစိတ်ဆင်းရဲစေမဲ့ လုပ်ရပ်မျိုး  သားဘယ်တော့မှ မလုပ်တော့ဘူးဆိုတာ သားကတိပေးပါတယ်ဗျာ။”
အမေကတော့ ကျွန်တော့ကိုဖက်ပြီးငိုနေဆဲ…..မငိုပါနဲ့တော့အမေ ကျွန်တော်အမေ့သားပါ ကတိတည်စေရပါမယ်။
ကမ်းလက်နှင့်လှမ်းလက်တို့သည်လမ်းတ၀က်မှာပင်တန်းလျှက်ဆုံခဲ့ပြီ……….။

                                                                                                                               ဆက်လက်ဖတ်ရှုပါရန်။
                                                                                                                                    ကြိုးစားပါဦးမည်။
                                                                                                                                 ကိုနော်(Wisdom Life)