Wednesday, February 8, 2012

ဒီအတိုင်းပဲကောင်းပါတယ်

နွေရာသီနားနီးကပ်လာလေလေ လေရူးသုန်သုန်တိုက်ခတ်မှုကြောင့်
စိတ်တွေလေပြီး ကျွန်တော်ကျောင်းပြေး တဲ့နေ့တစ်နေ့ပေါ့ဗျာ။
မန်ကျည်းပင်တွေထက်က ဥသြငှက်လေးတွေ
ဘာသာဘာဝ တွန်ကြူးနေတာကို မဆီမဆိုင်စိတ်လေပြီး ကျောင်းလစ်လာခဲ့ပါတယ်။
သူငယ်ချင်းတွေကို
နှုတ်ဆက်ပြီး လမ်းခွဲလာခဲ့ပြီး ကိုယ့်အဆောင်ကိုယ်
ပြန်အိပ်အုန်းမှပဲဆိုတဲ့အတွေးနဲ့ ကျောပိုးအိတ်လေးလွယ်ပြီး
အသော့နှင်လာခဲ့တယ်။


အိပ်ရာနိုးရင် ဘော်ဒါတွေဆီသွားလည်မယ် ဘာညာဆိုပြီး
Plan ချထားပြီးသားပါ။အဆောင်နဲ့ ရွှေသာလျောင်းနဲ့နီးတော့ မော့ကြည့်ပြီး
ကြည်ညိုမိပါသေးတယ်။အင်း…………စိတ်ပြေလက်ပြေ
မင်းရဲ ဆည်ဘေးထိုင်အုန်းမှပဲ ဆိုပြီး လက်ပံပွင့်တွေရဲရဲနီနေတဲ့
ဇော်ဂျီရေကိုထိုင်ကြည့်ပြီး
ဆွေးမိပါသေးတယ်။ကလေးတွေကလဲရေကူးပြီး လက်ပံပွင့် လိုက်ကောက်နေတာကို
ကြည့်ရင် ရောယောင်
ပျော်ရွှင်နေမိပါသေးတယ်။

ကဲအလွမ်းဇာတ်တွေ ကားလိပ်ချမှဖြစ်ပေဦးမယ်
ဆိုပြီး ဖွားဘက်တော်(လွယ်အိတ်)ကိုကောက်လွယ်ခဲ့ပြီး အဆောင်ကို
လျောက်လာခဲ့ပါတယ်။အဆောင်ရောက်တော့
အိပ်မယ်လှဲနေပြီးမှ "ပူလှပါပေ ရွှေဆည်မြေ" ဆိုတဲ့အတိုင်း
(ကိုယ့်ဘာသာစပ်ထားတာပါကဗျာက)
အိပ်မပျော်ပဲချွေးတလုံးလုံး နဲ့နိုးလာခဲ့ပါတယ်။

အဆောင်အောက်ထပ်မှာမြန်မာကား မြန်မာ့အသံက
ပြနေသံကြားတော့ အောက်ဆင်းပြီး ရောငေးမိပါသေးတယ်။ မင်းသားက ကျော်ဟိန်းပါ
မင်းသမီးတော့နာမည်မသိပါဘူး။
တ၀က်တပျက် ၀င်ငေးလို့ ဘာကားမှန်းမသိခဲ့ပါ။

အဆောင်မှူးကိုမေးကြည့် တော့ အားရ၀မ်းသာပြန်ဖြေပါတယ်
"ငါလဲမသိဘူး" တဲ့ ကဲဟုတ်ပြီ မသိဘူးပဲထား………ပျင်းပျင်းနဲ့
ဆက်ကြည့်မယ်ပေါ့။ ဇာတ်လမ်းအတိုင်းရေးပြပါ့မယ်။
ကျော်ဟိန်းက ဆိုက်ကားသမားပါ သူ ညနေ အိမ်ပြန်လာတော့ ပဲပြုပ်သည်သူ့ဇနီး က
ကြက်သားဈေးကြီးတယ်၊ဆီဈေးကြီးတယ်
ဘာညာ ဆိုပြီး ငြီးနေလေရဲ့ ဒါကို ကျော်ဟိန်းက

"အော် မိန်းမရယ် ကြက်သားဆီပြန်နဲ့ မဟုတ်လဲ
စားလို့ဖြစ်ပါတယ် အိမ်နောက်ဖေးမှာစိုက်ထားတဲ့
အသီးအရွက်လေးကြော်ချက်စားကြတာပေါ့၊ ကုန်ဈေးနှုန်းတက်တိုင်းသာ
ငြီးနေရင် မင်းပဲသေရုံရှိမှာပေါ့" တဲ့

ကျွန်တော်လဲကိုယ့်အတွေးနဲ့ကိုယ် ကျိတ်ပြုံးမိပါတယ်
စာဖတ်သူလဲပြုံးမိမှာအသေချာပါပဲ။

သူတို့အနောက်မှာ
သူတို့ သမီးလေးက ပထ၀ီကျက်နေပါတယ်။ မြန်မာကလေးပီပီ
ဆံကျစ်ကလေးနဲ့ပေါ့။ဘေးမှာလဲရေနံဆီမီးခွက်
လေးထွန်းပြီး တင်ပျင်ခွေလျက် စာအံနေလေရဲ့။ အကုန်ပြောရင်ရှည်နေမှာစိုးလို့
ဖြတ်ပြောပါ့မယ်။ကျော်ဟိန်းရဲ့သူငယ်ချင်းဆိုက်ကားသမားတွေရောက်လာပြီးရေနွေးကြမ်းသောက်
ပဲလှော်သုတ်စားပြီး အ လာဘ သ လာဘ ပြောကြပါလေရော။

အဲဒီအချိန်မှာ
သူ့သမီးလေးက တခုခု ရှာနေပုံရတယ်ဆိုပြီး သမီးကို

"သမီးဘာရှာနေတာလဲ"
ဆိုပြီးမေးလိုက်တယ်။

သမီးက "သမီးမြန်မာပြည်မြေပုံကဒ်လေးကျိုးသွားလို့
ဖေဖေ တပိုင်းပဲရှာတွေ့တော့တယ်" ဆိုပြီး

အလယ်ပိုင်း
လေးပဲလာပြတယ်၊ကျန်တဲဟာတွေ့ကရှာမတွေ့ဘူးပေါ့ဗျာ။ ကျော်ဟိန်းသူငယ်ချင်းတွေက

ဦးတို့ ဆွဲပေးမယ်လေ
ခန့်မှန်းလောက်တော့် ဆွဲတက်ပါတယ်

ပြောတော့
ကျော်ဟိန်းက

"မြန်မာနိုင်ငံ
မြေပုံက အရင်ကတည်းက လှပြီးသားကွ မင်းတို့လုပ်မှ မလှပဲ ရွဲ့စောင်း
ကုန်ပါအုန်းမယ်ကွာ"
ဆိုပြီး ကျန်တဲ့အပိုင်းကို လိုက်ရှာနေတယ်။ သူတွေ့တော့မှ အပိုင်းပိုင်း
ပြန်ဆက်လိုက်တော့
မြန်မာနိုင်ငံမြေပုံကို လှလှပပ ပြည့်ပြည့်စုံစုံ လေးနဲ့ ပြန်ရတယ်။
သူပြောလိုက်တဲ့ စကားတစ်ခွန်းက

"ငါပညာမတက်ပေမဲ့ ဒို့မြန်မာနိုင်ငံကို ဒီအတိုင်း လှလှပပ ပြည့်ပြည့်စုံစုံ
အမြဲတမ်းမြင်ချင်တာကွ"

လို့ပြောပါတယ် ။

ဇာတ်လမ်းလေးက
မိနစ် ၂၀ လောက်ပါပဲ။ ဒီအချိန်လေးအတွင်းမှာ အမိမြန်မာပြည်ကို မြတ်နိုးဖို့
Concept ကို
ဆိုက်ကားသမားမိသားစုလေးတစ်ခုထဲနဲ့ ပေါ်အောင် ရိုက်ပြသွားတာ
အရမ်းမိုက်ပါတယ်။
ကိုယ့်ဘာသာကိုယ်ပြန်တွေးမိတယ်။"ဒီနေ့ကျောင်းပြေးရကျိုးနပ်ပါ့လား"ဆိုပြီး
တွေးမိပါတယ် ။

ဒီကားနာမည်က "ဒီအတိုင်းပဲကောင်းပါတယ်'' တဲ့

ဒီလို ဆိုက်ကား သမားက တောင် အမိနိုင်ငံကို
ချစ်မြတ်နိုးရင် ပညာတက်တဲ့လူတွေ ဆိုရင်ဘယ်လောက် တိုးတက်ငြိမ်းချမ်းမှု
ကိုလိုလားကြမလဲဗျ။ကျွန်တော်လဲ
အပါအ၀င် စာဖတ်သူတို့ရော နိုင်ငံကို ချစ်တက်မြတ်နိုးတက်ပြီး တိုးတက်မှုရော
ကာကွယ်မှုရော
ပြုလုပ် နိုင်တဲ့ နိုင်ငံသား ကောင်းများ ဖြစ်အောင် ကြိုးစား ကြပါစို့လို့
တိုက်တွန်းရင်
ကြိုးစားခွင့်ပြုပါ။
ပစ်တိုင်းထောင်(Wisdom
Life)

1 comments:

ဒီထဲက ဇာတ်လမ်းလေးက ဦးကျော်ဟိန်း ဇာတ်ကားလေးပါ

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...