This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Wednesday, April 25, 2012

myanmar mobile store

Tuesday, April 24, 2012

မွေးရပ်မြေအကြောင်းတစေ့တစောင်း(1)

တော်တော်များများ ရောက်ဖူးကြလိမ့်မယ်ထင်ပါတယ်မရောက်ဖူးသေးတဲ့လူတွေအတွက် ဗဟုသုတ တင်ပေးလိုက်ပါတယ်ကိုယ်တိုင်ရိုက်တာတော့မဟုတ်ပါဘူး။မေမြို့လို့ပြောလိုက်တာနဲ့ နာရီစင်ကြီးကိုပြေးမြင်မိတာ အမှန်ပါပဲ အင်္ဂလိပ်ခေတ်ကတည်းက နာရီကြီးပါ။
အောက်ကပုံကတော့ မိုးတွေမဲနေတဲ့ အချိန်နာရီစင်ရဲ့ အလှပါ မေမြို့မိုးဆိုတာလဲ နာမည် တစ်ခုနဲ့ အခုထိရပ်တည်နေဆဲပါ။ :P
မေမြို့နဲ့ခွဲလို့မရတာ တစ်ခုက ရထားလုံးလေးတွေပါပဲ.....ခရီးသွားတွေအတွက်တော့ အပန်းဖြေရာတစ်ခုပေါ့။

ဒါလေးက ကန်တော်ကြီးက ငန်းမဲလေး ၀ပ်နေတဲ့ပုံပါ။
ဒါက မေမြို့မန်းလေးဆွဲနေတဲ့ လိုင်းကားလေးတွေပါ သဘာဝအတိုင်းပေါ့။





ဗလီဘေးက မြင်းလှည်းတန်း......................

 ဒီလိုအနောက်ကလဲစီးကြသေးတယ်ဗျ.....။



ကန်တော်ကြီးက မိသားစုတစ်ခု......




ဗိုက်ဆာဆာနဲ့ ရိုက်ခဲ့တာ..... ရှလွတ်
 သုံးပွင့်ဆိုင်တိုက်ပွဲ....... ဟိဟိ
 အရင်က အမြင်မရိုးတဲ့ စက်ဘီးဖက်ရှင်...........။




 ပွဲကောက်ရဲ့ ကြွေစရာကောင်းတဲ့ရေကျသံ.......။




 အထက1နားက ခရစ်ယာန်ဘုရားကျောင်း


ယနေ့ခေတ်သုံးဘီး ဆိုင်ကယ်ဖက်ရှင်......။


 ခြောက်ထပ်ကွေ့နားက ကားများ



 မုန့်ဟင်းငါးလေးမွေးတေးတေး... ၇ှလွတ် သရေတောင်ကျတယ်


သင်္ကြန်တွင်းမုန့်ဆိုင်တန်းများနှင့်အမှတ်တရ။



 ဟောဒီက ငါးတွေနော် ၀ယ်ကြအုန်းမလားးးးးးးးးးးးးးးးးးးး



 အေးချမ်းညီညီ ဆွမ်းခံသည်...............။
အခုတော့ဒီလောက်နဲ့ပဲကျေနပ်ကြပါခင်ဗျာ နောက်အပိုင်း 2 မှဆက်တင်ပေးပါ့မယ်။ကိုနော်အိပ်ချင်ပြီဗျ......မနက်ဖြန်သွားစရာကရှိသေးတော့ အိပ်ခွင့်ပြုအုန်းနော်။ဝါးးးးးးးးးးးးး

Monday, April 23, 2012

ဗုဒ္ဓမြတ်စွာအား ရိုင်းပျစွာ နောက်​ပြောင်​ခဲ့​သည့် NBC ရုပ်သံအစီအစဉ်

2158 NBC_SNL_Rude_Buddha
အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား 04 March 2012 က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။
ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်ရောက်ရှင်  သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့သည်။
2158 NBC_SNL_Rude_Buddha1
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေကြား ခဲ့သည်။
ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပျစွာ ဆိုသွားခဲ့သည်။
အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။
ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။
ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
(မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်အားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်းအပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။) 
ရွှေလုံး အယ်ဒီတာ  မှပြန်လည်မျှဝေပါတယ်

စာဖတ်သူများ ဘလော့လည်သူများသို့ ပန်ကြားချက်

ကျွန်တော် ကိုနော် သည် 25 ရက်နေ့မှ စ ၍ တရားစခန်းသို့ ၀င်မည်ဖြစ်၍ ဘလော့များကို တင်ပေး ရေးပေးနိုင်မည်မဟုတ်ပါ 10 ကြာမည်ဖြစ်သဖြင့် 5 ရက်နေ့မှ ပြန်ရောက်ရှိမည်ဖြစ်သည့်အတွက် စာဖတ်သူ ဘလော့လည်သူများအား အသစ် များဖြင့် ဗဟုသုတ ပေးနိုင်မည်မဟုတ်ပါသဖြင့်... လေးစားစွာ ခွင့်ပန် ရင်း ခေတ္တနားခွင့်ပြုပါ။ ပြန်ရောက်သည့်နောက်ပိုင်း ကျွန်တော့လို ဘလော့ငတ်သူ စာငတ်သူများအတွက် အသစ်အသစ်သော စာသား ရသများ တရားစာ ကောင်းနိုးရာရာများ ကို ကြိုးစားပြီးတင်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ဘလော့ဂါ ကလဲ ကျွန်တော်တစ်ယောက်ထဲရှိတော့ update မဖြစ်တာကို တောင်းပန်အပ်ပါတယ်။ 

အားလုံးကိုလေးစားလျက်

ကိုနော်(Wisdom Life)

မိတ်ဆွေများအောင် လုပ်နည်း.....



ကမ္ဘာကျော်စာရေးဆရာကြီး ဒေးကာနက်ချီ ရဲ့ နည်းလေးပါ ကြိုက်လွန်းလို့ ရောင်းရင်းသူငယ်ချင်း တို့ကို မျှဝေပေးချင်ပါတယ် မူရင်းစာသားလေးကိုမရေးတော့ဘူးပါဘူး How to make friends ဆိုတဲ့ စာအုပ်ထဲကပါ။
နည်းလေးက ဒီလို..............

သင့်လိုအင်ဆန္ဒများကို တဖက်သားတို့စိတ်ဝင်စားလာအောင် ၂-နှစ်တိုင်တိုင် ကြိုးစားခြင်းထက် တဖက်သားတို့၏

လိုအင်ဆန္ဒကို ၂-လမျှ အဟုတ်အဟတ် စိတ်ဝင်စားခြင်းသည် သင့်အား မိတ်ဆွေ များပြားစေပါလိမ့်မည်.။


လူတစုရိုက်ထားသော ဓာတ်ပုံတွင် သင်လည်းပါတယ်ဆိုပါစို့ ထိုဓာတ်ပုံကို မြင်လျှင် မည့်သူ့ဓာတ်ပုံကို သင် ရှေးဦးစွာ

ကြည့်မလဲ...............အခြားသူများက သင့်အပေါ် စိတ်ဝင်စားလျှက်ရှိသည် ဟု သင် အထင်ရောက် ခဲ့ပါလျှင် ဒီမေးခွန်

ကို ဖြေပါ..............တဖက်သားအပေါ်စိတ်မ၀င်စားဖူးဘဲနှင့် သင့်အပေါ်တဖက်သားက မည့်သည့် အတွက်ကြောင့်

စိတ်ဝင်စားမည်နည်း........။

သင့်ကို လူကြိုက်များစေလိုလျှင်
နည်းအမှတ်

၁. အခြားသူများအပေါ်တွင် အဟုတ်အဟတ် စိတ်ဝင်စားပါ ကျေနပ်စရာပဲ

၂. ပြုံးပါ အပြုံးသင်္ကေတ

၃. လောကတွင်သုတိအသာယာဆုံးသော အသံသည် မိမိ၏နာမည် ကိုလူတယောက်ကခေါ်လိုက်သော အခါ ကြား

ရသော အသံပင် ဖြစ်ကြောင်းသတိပြုပါ


၎. တဖက်သား စကားပြောနေစဉ် ဂရုစိုက် နားထောင်ပါ တဖက်သားတို့အားသူတို့ရဲ့ အကြောင်းပြောပြရန် တိုက်တွန်းပါ။


၅. တဖက်သား စိတ်ဝင်စားလျက်ရှိသည့် ကိစ္စဘက်မှနေပြီး ဆွဲဆောင်ပါ။


၆. တဖက်သားအား သူ့ကိုယ်သူ အထင်ကြီးအောင် လုပ်ပေးပါ။ ဒီလိုလုပ်တဲ့အခါမှာ စိတ်ရောကိုယ်ပါ လုပ်ပေးပါ။

လောကကြီးထဲမှာ လူတယောက်အဖြစ်နဲ့မွေးဖွားလာရင် လူတွေနဲ့ မဆက်ဆံလို့မရဘူး အဲဒီလိုလူတွေနဲ့ ဆက်ဆံတဲ့

အခါမှာ အဆင်ပြေဖို့အရေးကြီးပါတယ် လူတွေမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ ဒုက္ခက တစ်မျိုး

တစ်ယောက်နဲ့ တယောက် ပြောဆိုရတာ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့ ဒုက္ခက တစ်မျိုး အဲဒီ ဒုက္ခ နှစ်မျိုးမှာ

ဘယ်ဒုက္ခက ပိုကြီးသလဲဆိုရင် စားဝတ်နေရေးက ကြိုးစားရုန်းကန်ရင် အထိုက်အလျောက်တော့ ဖြစ်သွားတာပါပဲ

ပင်တော့ပင်ပန်းကြပါတယ်.............တချို့ဆို စားဝတ်နေရေးတော်တော် ကျပ်တည်းကြပါတယ်

ဒါပေမဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲရတာ စိတ်ညစ်ရတာမျိုးဆိုတာ စားဝတ်နေရေးကြောင့်ဖြစ်တာနည်းပါတယ်

သေချင်လောက်အောင် စိတ်ဆင်းရဲရတာမျိုး အများဆုံးဖြစ်တာ ဆက်ဆံရေး ပြောရေး ဆိုရေးအဆင်မပြေလို့ပါပဲ

ဒါကြောင့် လူအချင်းချင်း ဆက်ဆံရေးကို တော်တော်လေး သတိထားဖို့လိုတယ်.............အလေးထားဖို့လိုတယ်

တန်ဖိုးထားဖို့လိုတယ်...................ဒါကိုနားလည်ဖို့လည်းလိုတယ်။ ပညာရပ်တခု အနေနဲ့ လေ့လာဖို့ အင်မတန်

သင့်တဲ့ ကိစ္စတစ်ခုပါ..........................ဒါကိုဘယ်ကျောင်းမှာမှ သင်မပေးဘူး ကိုယ့်ဘ၀မှာ အစစ အရာရာ အဆင်

ပြေဖို့ အရေးကြီးဆုံးအချက်ဟာ ဆက်ဆံရေး ကောင်းဖို့ပါပဲ ဆက်ဆံရေးမကောင်းရင် ကြီးပွားတိုးတက်ရေးမှာ

အခက်ခဲများမယ်............................တခြားအရည်ချင်းတွေ ဘယ်လောက်ရှိရှိ ဆက်ဆံရေးမကောင်းရင် မကြီးပွား

နိုင်ဘူး ဆက်ဆံရေးကောင်းဖို့ဆိုတာ စိတ်နေသဘောထား မျှတမူ ကိုယ်ချင်းစာနာမူ့ ရှိရုံလောက်နဲ့ မရသေးဘူးအပြောအဆိုပြေပြစ်ဖို့ ပြတ်သားဖို့လဲလိုတယ်။

ဒါကြောင့် ပြောပုံဆိုပုံ သေချာလေ့လာရမယ် နောက်ပြီး လူလူချင်းဆက်ဆံတဲ့ အခါမှာ ငါ သူတပါး ယောင်္ကျား မိန်းမ

မခွဲရဘူး အဆင့်အတန်း မခွဲရဘူး ဂုဏ်ဒြပ်တွေနဲ့မကြည့်ရဘူး အဲဒီလို အစွဲတွေကင်းပြီး ဆက်ဆံတတ်ရင် လူ့ဘဝ

ဆိုတာ ပျော်စရာကြီးပါ ဒါကြောင့် စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းအပေါင်းပျော်ရွှင်စွာနဲ့ လူ့ဘ၀ကြီးကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလျှက်......

Sunday, April 22, 2012

မွေးနေ့မွေးရက်အလိုက်ဗေဒင်နဲ့ .. မွေးနေ့မွေးရက်အလိုက် ချစ်သူရှာခြင်း ( ဗေဒင် )

တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် ၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် ၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၉) သမား...
*******************************************


နံပါတ် (၁)


မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..
ဒေါသလွယ်တယ်..ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..
အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်..
သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး...မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ ..... လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..
အသုံးအဖြုန်းကြီး သူတယောက်ဖြစ်ပေမယ့်.....
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..
လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို
မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..
နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..
လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!


***********


နံပါတ်(၂)


မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်..
အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာအမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်..
အပြောအဆိုညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး....
လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို ရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့..
ဒုတိယ ဟစ်တလာလည်း ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...
မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို
သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..
ဆိုလိုတာက.မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့
ဝန်မလေးတဲ့သူတစ်ဦးပါ...မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..
သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!

***************
နံပါတ် (၃)


နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့်
ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက်
အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို
မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်းမင်းဟာ စံပြနေလေ့ရှိပါတယ်..
ဒါပေမယ့်..ယေဘုယျအားဖြင့်တော့..
မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..
မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...ဒါပေမယ့်လည်း..
တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်..
အဲဒါတွေက ကြာရှည်မခံပါဘူး..ဘာကြောင့်လည်းဆိုတော့..
မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..
အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ).
ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..
အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
****************



နံပါတ် (၄)


မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..
စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ..
မင်းကိုထားပြီ....အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့..
မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့..
ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.
သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!
*****************


နံပါတ် (၅)


မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..
မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ...
မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..
အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..
အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့..
နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ..
ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9.
သင့်တော်တဲ့သူကတော့. 6, 8!!!
******************


နံပါတ် (၆)


အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..
ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..
(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...
နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...
ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့
ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
*******************



နံပါတ် (၇)


မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ
ထူးချွန်သူ တစ်ဦးပါ..ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း..
ထူးချွန်နိုင်သူပါ..မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..
(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..
ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ
အဆင်မပြေကြတာများပါတယ်..အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို
တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေး
မသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...
အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..
ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..
မင်းဟာဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2.
သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
**********************



နံပါတ် (၈)


မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ.
ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်..
မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေကမင့်ဘ၀ထဲမှာ
မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်..
ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..
ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..
ဘ၀ကိုလည်း..အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ..
ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့
(အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..
ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
********************



နံပါတ် (၉)


မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ..
အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့်
မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့..
ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး..
မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်..
ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်.
ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!တွေပါ
*******************

မိန်းခလေးတွေ ဖတ်ဖို့




အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............


ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....

Saturday, April 21, 2012

ချစ်သူသိပါစေ

တစ်နေ့တခြား တိုးလာတဲ့ အချစ်တွေကြောင့်
သူငယ်ချင်းဆိုတဲ့ နယ်ခြားစည်းကို
ခွင့်ပြုချက်မယူဘဲ ဖြတ်ကျော်မိတာ
ခွင့်လွတ်ပါချစ်သူ.............
....။

Wednesday, April 18, 2012

အုံပုန်း ချစ်ခြင်းလေး

ချစ်လိုက်တာလဲ တုန်လို့
ပြောရမှာလဲ တုန်လို့(ကြောက်တာ)
အရမ်းချစ်တယ်ဆိုတာတော့ ကိုယ်ကလွဲပီး ဘယ်သူမှသိခွင့်မရှိဘူး
ပြောလိုက်ပြန်ရင်လဲ စိတ်ဆိုးပီး မုန်းသွားမှာသေအောင်ကြောက်မိတယ်
နှလုံးသားရဲ့လိုအင်ကို ဖြည့်စည်းပေးနိုင်မှာ မင်းတစ်ယောက်ထဲရှိတာပါ ကောင်မလေးရယ်...
အလှပဂေးတွေ များပေမဲ့ ကိုယ်ရင်ကိုလှုပ်ခတ်နိုင်စွမ်းရှိတာကတော့ မင်းတစ်ယောက်ပါပဲ ကောင်မလေး
ကိုယ်ပြောတဲ့စကားတိုင်းကို ဂရုစိုက်နေရတယ် အမှားပါရင် ကိုယ့်ကိုမုန်းသွားမှာကြောက်လို့လေ....
ကိုယ်မင်းအချစ်ကိုရဖို့ဆိုရင် သံသရာနို့ဘူးကိုင်ပြီး  စောင့်ရစောင့်ရပါကောင်မလေးရယ်.....
ကိုယ်ရဲ့ရင်ခွင် ဥယျာဉ်ကြီးထဲမှာ မင်းရဲ့ အချစ်သစ်ပင်ကြီးကို ယုံယုံကြည်ကြည်စိုက်ပျိုးပါတော့နော်
ကိုယ့်ရင်ခွင်ကို မင်းဆိုတဲ့ ဥယျာဉ်မှူးကြီးဆီကို အပ်နှံပါတယ်ကောင်မလေးရယ်......
အရာရာမင်းသဘော မင်းဆုံးဖြတ်ချက်အတိုင်းပါ...............
ခြောက်သွေ့ ပျင်းရိဖွယ်ကောင်းတဲ့ ကိုယ့်ရင်ခွင်ကို.... မင်းရဲ့ မေတ္တာရေစင်လေး သွန်းလောင်းပီး အေးချမ်းခွင့်ပြုပါကောင်မလေးရယ်
အရမ်းချစ်တယ်...အရမ်းချစ်တယ်.....အရမ်းချစ်တယ်....... I Love You So Much,Forever!!!!!!!!!!!!!!!!!!!!!!!
@copy right by ကိုနော်(Wisdom Life)

Tuesday, April 17, 2012

ကိုယ့် blog က စာတွေ ကူးတာ မပင်ပန်းစေချင်ရင် .. :D

ကိုယ့် blog က စာတွေ ကူးတာ မပင်ပန်းစေချင်ရင် .. :D

အခု ကျွန်တော် ရေးတာကလေးကတော့ ကိုယ့် ရဲ့ ဘလော့ဂ် ကိုယ်ကူးစေချင်တဲ့ စာတွေ ကို သူများတွေ ကို ကူး စေချင်တာတို့ ဘာတို့ အတွက် အဆင်ပြေအောင်ပေါ့ ... ပုံ့မှန်ကူးမယ်ဆိုရင် ကိုယ်ကူးမယ့် စာကို select လုပ်ပြီးရင် R-click ထောက် ပြီးရင် copy ပေး ရတာပေါ့ .. ဒါကတော့ ကိုယ် ကူးစေချင်တဲ့ စာကလေးကို box ကလေး ထဲမှာထည့်ပြီးတော့ ခလုပ် ကလေးကို နှိပ်ရုံနဲ့ စာတွေ အကုန်လုံးကို ကူး ပြီးသားပေါ့ ... ဖိုရမ်တွေ ဘာတွေ မှာလည်း အဲလို နည်းကလေးတွေ ရှိပါတယ် .. လုပ်ချင်တယ် ဆိုရင် စမ်းကြည့်တာပေါ့ ... ပုံစံ ကတော့ ကျွန်တော် အခု ကုဒ် ကလေးတွေ ထည့်ထားတဲ့ ပုံစံ ပါ...အားလုံးကူးမယ် ဆိုတဲ့ ခလုပ်ကလေး ကို နှိပ်လိုက်ရုံ နဲ့ စာတွေ အကုန်လုံးကို select လုပ်တာပါ ... လုပ်မယ်ဆိုရင်တော့

ပထမဆုံး အဲဒီ့ ကုဒ်ကလေးတွေ ကို ကူးလိုက် ပါ ..
ပြီးရင် Select allဆိုတဲ့ နေရာကလေး က တော့ စာတွေ ကိုကူး မယ် ဆိုရင်နှိပ်ရမယ့် ခလုပ်ကလေးပါ ...
( ကျွန်တော် လုပ်ထားတဲ့ ပုံစံနဲ့ဆိုရင် အားလုံးကူးမယ် ဆိုတဲ့ ခလုပ်ကလေးပါ ) အဲဒီ့ နေရာကလေးမှာ ကိုယ့် စိတ်ကြိုက် ရေးလို့ ရပါတယ် ...
ပြီးတော့ စာကို တော့ Type your text ဆိုတဲ့ နေရာကလေးမှာ ရေးလိုက် ပါ ... ပြီးရင် တော့ ရပါပြီ .. ကေကေပါ ...




ကုဒ်ကတော့ ဒီအောက်က ကုဒ်ကလေးပါခင်ဗျာ ။။။


<center><div><form name="copy"><div align="center"><input value="Select all" onclick="javascript:this.form.txt.focus();this.form.txt.select();" type="button"><textarea rows="8" cols="60" name="txt" >ဒီနေရာကလေးမှာကိုယ်ရေးချင်တဲ့စာကိုရေးပါ</textarea></div></form></div></center>
http://mglhulin.blogspot.com/2009/10/blog-d.html

Top to page arrow

Top to page arrow

Blog တစ်ခု မှာ လိုအပ် တဲ့ အရာ တစ်ခု လို့ တော့ ကျွန်တော် ထင်ပါတယ် ..ဘာလို့လဲ ဆိုတော့ ကိုယ့် blog မှာ စာဖတ်တဲ့ သူ က စာဖတ်ရင်းနဲ့ ဟိုးအောက်ဆုံးစာမျက်နှာကို ရောက်သွားရော .. ပြီးတော့ အောက်မှာက တစ်ခုခု ပြောထားရင် အပေါ်ကရေးထားတာတွေ နဲ့ က ဆက်စပ် ကြည့် ချင် ရင် စာကလည်း ရှည်တော့ Mouse က ဘီး ကိုလှိမ့် ရတာ ညောင်းနေရော ပေါ့ .. :D ..ဒါမှမဟုတ် အပေါ်ဆုံးက အပေါ် navigation bar မှာ သူ့ခေါင်းစဉ်ကလေးတွေ ထဲက ရှာချင်ရင် ဟိုးအောက်ဆုံးက နေပြီးတော့ အပေါ် ကို ပြန်ပြန်တက်နေရတာ က သူ့ အတွက် စိတ်အနှောက် အယှက်ကလေး ဖြစ်စေပါတယ် .. အဲဒီ့တော့ ကျွန်တော် တို့ အနေနဲ့
" အပေါ်သို့" ဆိုတဲ့ ပုံလေးတစ်ပုံလောက်ကို ညာဘက် အောက်ထောင့် စွန်းကလေးမှာ ထားလိုက် ရင် အဆင်ပြေ သွားတာပေါ့ .. အဲဒါကလေးကို ထားမယ်ဆိုရင်တော့ ....

layout => page element => add a gadget=> html/java script ဆိုပြီးတော့ သွားလိုက်ပါ ..
ပြီးရင် အဲဒီ့ အထဲမှာ ဒီအောက် ကုဒ်ကလေးကို ကူးပြီးတော့ ထည့်လိုက်ပါ ....


<a style="display:scroll;position:fixed;bottom:40px;right:5px;" href="#" title="အပေါ်သို့"><img src="http://www2.ku.edu/~sma/images/icons/up_arrow.png"/></a>


အဲဒီ့ အထဲက အနီနဲ့ ပြထားတဲ့ ပုံနေရာကလေးမှာကိုယ်ကြိုက်တဲ့ ပုံရဲ့ url ကိုထားလို့ရပါတယ် ... ခက်လဲ မခက်ပါဘူး .. ကိုယ့် ဘလောဂ့်ကို စာလာဖတ်သူတွေ အဆင်ပြေအောင်လုပ်ထားသင့်တယ်နော် .. :) :D
http://mglhulin.blogspot.com/2009/10/top-to-page-arrow.html
 

Youtube Downloader (Portable)

Youtube Downloader (Portable)



Youtube ကနေပြီးတော့ ဒေါင်းချင်ပေမယ့် IDM တို့လို့ Software ကလည်း အကူအညီ ကလည်းမရှိ .. တခြား Youtube link download တွေ ကလည်း မသိဘူးဆိုရင်တော့ ဒီကောင်ကလေး ကတော်တော် အသုံးဝင်ပါတယ် .... သူ့ အထဲမှာ Youtube ကိုကြည့်ဖို့ အတွက်browser ပါ ပါပါတယ် .. အဲဒီ့ကနေပြီးတော့ ရှာကြည့်လိုက် .. ပြီးလို့ ကိုယ်ကြိုက်တာတွေ့ပြီဆိုရင်တော့ Download ဆိုတာကလေးကိုနှိပ်ပေးလိုက်ရုံပဲ ..နောက်တစ်ခုကတော့ သူနဲ့Download ချပြီးသွားရင်တော့ Youtube ကနေပြီးတော့ ချတဲ့အတိုင်း flv file typeနဲ့ကျတာမဟုတ်ပါဘူး..MP4typeနဲ့ကျတော့Playerတွေတော်တော်များများနဲ့ကြည့်လို့ရပါတယ်.......
Download ကျပြီးသွားရင်အဆင်ပြေပါ့ ..ဒါတင်မဟုတ်ပါဘူးFlVတွေကိုလည်းပြောင်းလို့ရအောင် Software ကလေးပါ ပါပါတယ် အသုံးဝင်မယ်ထင်ပါတယ် ..ကြေငြာတွေများလို့မကြိုက်ဘူးမလုပ်နဲ့နော် :P :P :D Down ချင်သူများအတွက် အောက် Link ကလေးမှာ သွားရောက် Down နိုင်ပါတယ်ခင်ဗျာ ....

Download Link : YoutubeGet_Portable.rar




http://www.mirrorcreator.com/files/S4WD9ET7/youtube_downloader.rar_links

http://www.multiupload.com/EOZCOA483J


If short cuts are available, use them as long as they do not compromise the quality of the end output.
ရလဒ်က ညံ့သွားတာမျိုးမဖြစ်ဘူးဆိုရင် ဖြတ်လမ်းကလုပ်လို့ရတာကို လုပ်ပါ ။

စာအုပ်များ ဖတ်နိုင်ရန်အတွက် Site ၁၈ ခု

စာအုပ်များ ဖတ်နိုင်ရန်အတွက် Site ၁၈ ခု

ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေ တွေ့လို့ပြန်ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလိုစာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်.. သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ ...နဂို မူရင်းရေးထားတဲ့သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ ကျန်တာကလေးကိုပဲဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. :) :) ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ...အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်... လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ...


၁ ။ http://www.freebookspot.in

အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် ...

၂ ။ http://www.free-ebooks.net

ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com

ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com

ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.. ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် ... ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များများ ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com

ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com

ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ ... မြန်မာလိုစာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့ Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် ...

၈ ။ http://knowfree.net

ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net

ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com

ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org

ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com

ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com

ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် ...


၁၆ ။ http://www.asksam.com/ebooks

ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ် ရှာဖွေတွေ့ရှိနိုင်ပါတယ် ..


၁၇ ။ http://www.baen.com/library

ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် ...


၁၈ ။ http://www.ebooklobby.com

ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် ...ကျွန်တော်အနေနဲ့လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် ... ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် .. အဆင်ပြေပါစေလို့ ဆုတောင်းလျက် ...

REF : http://www.hongkiat.com

http://mglhulin.blogspot.com/2010/03/site.html


စာဖတ်ခြင်းဖြင့် ပြည့်ဝသောသူ တစ်ယောက် ဖြစ်ပါစေခင်ဗျာ ...

Pointer ကို Keyboard နဲ့ ထိန်းခြင်း

Pointer ကို Keyboard နဲ့ ထိန်းခြင်း


Click ! Image to zoom!


ဒီနည်း ကလေးက တော့ ဒီတိုင်းဆိုရင်တော့သိပ်ပြီးတော့ အသုံးမ၀င်ပါဘူး .. ဒါပေမယ့် ကိုယ့် ကွန်ပျူတာက Mouse ကလေး ကြွသွားရင် ချက်ချင်းလည်း ၀ယ်လို့ က မရသေးဘူး ဆိုရင်တော့ ဒီနည်းကလေးနဲ့စမ်းကြည့်လိုက်ပါဦး.. ကျွန်တော်လည်း ကျွန်တော့်ကွန် က Mouse ကလေးကြွသွားတော့ သာဓု ခေါ်ပြီးတော့ ဒီနည်းကလေးနဲ့ တစ်ရက် လောက် သုံးလိုက်ရပါတယ် .. ကျွန်တော့်လိုမျိုး ဖြစ်ခဲ့ရင် အသုံးဝင်အောင်ပါ .. သိပြီးသား သူတွေလည်း ပြန်နွေး တယ်ပေါ့ .. ကျွန်တော် ပြောထားတာ မဟုတ်ဘူး ဆိုရင်လည်း အောက်မှာ မန့်သွားခဲ့ပါခင်ဗျာ.. ဘာနဲ့သုံးမလဲ ဆိုတော့ ညာဘက်က num lock ဘက်က ဂဏန်းတွေ နဲ့သုံးတာပါ .. အပေါ်က ပုံကလေးမှာ ကြည့်ကြည့်လိုက်ပါ .. အဲဒီ့ပုံကလေးမှာ မူရင်း keyboard ပုံနဲ့ Mouse pointer အဖြစ်သုံးတဲ့ Keyboard ပုံနဲ့ ယဉ်ပြီးတော့ ပြထားပါတယ် ...

ဒီတစ်ခုကတော့ Window XP အတွက်ပါ ..

၁ ။ Control panel ကိုအရင်သွားလိုက်ပါ.
၂ ။ အဲဒီ့မှာ Accessibility Options ဆိုတာကို နှိပ်လိုက်ပါ .. အောက်ကပုံကလေးကိုတွေ့ရပါ့မယ် ..

Click ! Image to zoom!


၃ ။ အဲဒီ့မှာ အပေါ်က Tab ကလေးတွေကနေပြီးတော့ Mouse ဆိုတာကလေးကို သွားလိုက်ပါ ...
၎ ။ အဲဒီ့ကိုရောက်ပြီဆိုရင် Use Mousekeys ဆိုတာကို အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ..
၅ ။ Setting ဆိုတာကတော့ Pointer ကိုမြန်မလား နှေးမလား .. အဲဒါကလေးကို ညှိချင်တယ် ဆိုရင် တော့ အဲဒီ့ Setting ကနေပြီးတော့ ၀င်ပြင်ရပါ့မယ် ..

Click ! Image to zoom!


၆ ။ ပြီးပြီဆိုရင်တော့ Ok ဆိုပြီးပေးလိုက်ပါ .. သုံးကြည့်လို့ ရပါပြီ....

Xp အတွက် Shortcuts Keys နဲ့ဆိုရင်တော့ ..

left shit + left alt + Num lock ကိုပူးပြီးတော့ နှိပ်လိုက်ပါ ..နှိပ်လိုက်ရင် အဲဒီ့မှာ Alert box ကလေးပေါ်လာပါ့မယ် .. အဲဒါကလေးကို Ok ကိုပေးပြီးတော့ သုံးလို့ရပါပြီ...


Click ! Image to zoom!



Window Vista & 7 အတွက်ဆိုရင်တော့ ..

၁ ။ Start menu ကနေပြီးတော့ box ထဲမှာ ease of access ဆိုတာကို ရှာလိုက်ပါ .. Control Panel မှာလည်း တွေ့နိုင်ပါတယ် .. အဲဒီ့ကိုသွားလိုက်ပါ ..
၂ ။ အဲဒီ့ကိုရောက်ပြီဆိုရင်တော့ Make the mouse easier to use ဆိုတာကလေးကို နှိပ်လိုက်ပါ .. Mouse ပုံကလေးနဲ့ တွေ့ရပါ့မယ် ...


Click ! Image to zoom!


၃ ။ နှိပ်လိုက်ပြီးပြီဆိုရင်တော့ အဲဒီ့မှာ Turn on the mouse key ဆိုတာမှာ အမှန်ခြစ်ကလေးထည့်ပေးလိုက်ပါ ..
၎ ။ အောက်က Setup the mouse key ဆိုတာကတော့ သုံးတဲ့အခါမှာ အနှေးနဲ့ အမြန်တွေ ကို ညှိဖို့အတွက် သုံးပါတယ် ...

Click ! Image to zoom!


ကိုယ်လိုချင်တဲ့ ပုံစံ အထိကို ညှိယူပြီးတော့ Ok ကိုပေးလိုက်ပါ ...အဲဒါဆိုရင် တော့ အောက်က Taskbar မှာ Mouse icon လေး ပေါ်လာပါ့မယ် .. သုံးလို့ရပါပြီ ..

Vista က Mouse သွားတဲ့ လမ်းကြောင်းကတော့ အောက်မှာ ရေးထားပါတယ် ..

7 : Up and Left
8 : Up
9 : Up and Right
4 : Left
6 : Right
1 : Down and Left
2 : Down
3 : Down and Right
5 : Mouse Click
+ : Double Click
Ins : Begin Drag
Del : End Drag
/ : Select Left Mouse Button
- : Select Right Mouse Button
* : Select Both Mouse Buttons

Ctrl နဲ့တွဲပြီးတော့ နှိပ်ရင်တော့ pointer သွားတာမှာ ပိုမြန်ပါတယ် ...

Shift နဲ့တွဲပြီးတော့ နှိပ်ရင်တော့ pointer သွားတာမှာ နှေးပါတယ် ...အဆင်ပြေပါစေလို့ ဆုတောင်းလျက် ..

credit : http://malektips.com
: http://www.mydigitallife.info
http://mglhulin.blogspot.com/2010/03/pointer-keyboard.html
 

Window (XP,Vista,7) password မေ့ခဲ့တယ်ဆိုရင် ..

Window (XP,Vista,7) password မေ့ခဲ့တယ်ဆိုရင် ..


Click ! Image to zoom!


မင်္ဂလာပါ .. ဒီပိုစ့် ကလေးကို ကျွန်တော့် C box မှာ အစ်မ တစ်ယောက်က လာပြီးတော့ အကူအညီ တောင်းလို့ရေးလိုက်ပါတယ်ခင်ဗျာ.. အရင်ကလည်း ကျွန်တော့်ကို အဲဒီ့လို အကူအညီ တောင်းခဲ့တာတွေ ရှိပါတယ်.. ကျွန်တော် လည်း အားလုံးကိုသိနေတဲ့ ပညာရှင်အဆင့် မရှိသေးပါဘူးခင်ဗျာ.. ကျွန်တော်သိတာကလည်း နည်းနည်းပဲရှိပါသေးတယ် .. ပညာသင် အဆင့်ပဲ ရှိသေးလို့ အားလုံးကို ပြန်လည်ဖြေကြားမပေးနိုင်တာကိုနားလည် ခွင့်လွှတ်စေချင်ပါတယ် .. ပြီးတော့ ကျွန်တော့် အနေနဲ့ တခြားနေရာတွေကနေပြီးတော့ ပြန်ကူးပြီးမျှခဲ့ရင်လည်း ကျွန်တော် အနေနဲ့ အဲဒီ့စာရေးသူကို ဒါမှမဟုတ် အဲဒီ့ site ကို လေးစားသမှုနဲ့ အမြဲ Credit ပေးပါတယ် .. တကယ်လို့ကျွန်တော်သူများဆီကနေပြီးတော့ ကူးပြီး Credit ပေးမထားတဲ့ ပိုစ့် ရှိခဲ့ရင် အောက်မှာ Comment ပေးခဲ့သည်ပဲ ဖြစ်ဖြစ် .. ကျွန်တော့်ဆီကို မကျေနပ်လို့ Mail ပို့ သည်ပဲဖြစ်ဖြစ် ပြောနိုင်ပါတယ် .. ကျေးဇူးတင်ပါတယ် ...ပြောရင်းနဲ့ ဘယ်ကိုရောက်သွားမှန်းတောင်မသိဘူး .. :) . Password ပေးတာ ကောင်းတဲ့ အကျင့်တစ်ခုပါ ..ကိုယ့်ရဲ့အချက်အလက်ကိုလည်း လုံခြုံစွာသိမ်းစည်းနိုင်ပါတယ် .. ဒါကြောင့်တစ်ခုခု ကို လုပ်တဲ့အခါမှာ ဘယ်လောက်ပဲ အရေးကြီးကြီး မကြီးကြီး ပေါ့ Password ခံတဲ့အကျင့်ကလေးကို လုပ်ပေးပါ.. ဒီ window Password ဖယ်တဲ့ နည်းလေးကိုလည်း ကျွန်တော်အရင်က အဲဒီ့ နည်းနဲ့ လုပ်လို့ရတယ်ဆိုတာကိုပဲ သိခဲ့တာပါ .. သေချာမသိခဲ့ပါဘူး.. နောက်မှ Google ထဲမှာ ရှာဖတ်ရင်းနဲ့ စမ်းကြည့်ပြီးတော့ အဆင်ပြေတာနဲ့ ပြန်ပြီး မျှလိုက်ရခြင်းဖြစ်ပါတယ် .. တခြားနည်းလမ်းတွေလည်း ရှိပါဦးမယ် .. ကျွန်တော်တော့ ဒီနည်းကလေးတွေကိုပဲ ပြောလိုက်ပါတယ် ..

လိုအပ်တာကတော့ ခွေ Burn ဖို့အတွက် CD တစ်ချပ်ပဲလိုမှာပါ .. သုံးစေချင်တာကတော့ CD ကို Read/write(R/W) လုပ်လို့ရတဲ့ ခွေကိုပဲသုံးစေချင်ပါတယ် .. CD (R/W) ခွေကိုသုံးရခြင်းကတော့ တကယ်လို့ ကိုယ်က Password reset ချရုံပဲ ဆိုရင် ၊ နောက်ကျရင် အဲဒီ့ ခွေထဲမှာ တခြား Data တွေကို ထည့်ချင်တဲ့အခါမှာ ပြန်သုံးလို့ရအောင်ပါ ..တကယ်လို့မှ သိမ်းထားချင်တယ်ဆိုရင်တော့ Read ကိုပဲသုံးပါ ရပါတယ် ... ပထမနည်းကတော့ Window XP နဲ့ Window Vista SP1 မှာ Password reset ချတာပါ ..Password reset ချဖို့အတွက် လိုအပ်တဲ့ ISO file ကို ဒီအောက်မှာ Download လုပ်လိုက်ပါ ..

Download link : :>>

Download link : :>>

Download link : :>>


ဒေါင်းပြီသွားပြီဆိုရင်တော့ ... အဲဒါကိုစောစောက CD ခွေနဲ့ Burn လိုက်ပါ ...
အဲဒါကို Burn ပြီးသွားပြီဆိုရင် Window ကို တက်တဲ့အခါမှာ CD ကနေပြီးတော့ ပဲ စပြီး Boot ပေးပြီးတော့ တက်ပါ ..
တက်လိုက်ပြီဆိုရင် သူက window xp installtion လုပ်သလို အပြာရောင် screen နဲ့ တက်လာပြီးတော့ အလုပ်လုပ်ပါ့မယ် .. အဲဒါကိုခဏစောင့်လိုက်ပါ ..စောင့်ပြီးရင် သူက အမဲရောင် screen နဲ့ တက်လာပါ့မယ်.. window ရှိတဲ့ drive ကိုလည်း ပြပါ့မယ် ..


ပြတဲ့အခါကျရင် window ရှိတဲ့နေရာက drive နံပါတ်ကို ရိုက်လိုက်ပါ ..1 ဆိုရင် 1 ပေါ့ ရိုက်ပြီးရင် Enter နှိပ်လိုက်ပါ..
နောက်ကျရင်သူက window မှာအသုံးပြုနေတဲ့ User name တွေကို တွေ့ပါမယ်.. အဲဒါမှာ ကိုယ်သုံးနေတဲ့ User name ရဲ့ နံပါတ်ကို ရိုက်ပါ .. တကယ်လို့မှ အဲဒီ့ User name ကို မတွေ့ခဲ့ဘူး ဆိုရင် Administrator ရဲ့ နံပါတ် 1 ကိုပဲ ရိုက်ပါ..

Click ! Image to zoom!



ရိုက်လိုက် ရင် အဲဒီ့မှာ အောက်မှာ ပေါ်လာပါ့မယ် Reset " user name " password? ဆိုပြီးတော့
(Y/N) ဆိုပြီးတွေ့ပါမယ် ..
အဲဒီ့မှာ Y ဆိုတာကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါ ...

Click ! Image to zoom!


ပြီးရင် ကျန်တဲ့ account တွေက Password တွေကိုလည်း reset ချမှာလားလို့ မေးပါလိမ့်မယ် ..
Y ပဲပေးလိုက်ပါ ...

ပြီးရင်တော့ CD ခွေကို ထုတ်ပြီးတော့ key တစ်ခုခု ကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ .. Restart ချပြီးသွားရင်တော့ Password ကို Reset ချပြီးဖြစ်ပါလိမ့်မယ်ခင်ဗျာ...

ဒုတိယ နည်း

ဒီတစ်နည်းကတော့ Window Vista နဲ့ 7 အတွက် ရည်ရွယ်ပါတယ်.. ကျွန်တော်စမ်းတာကတော့ Window 7 နဲ့ဖြစ်လို့ Vista နဲ့ XP ကိုလည်း အဆင်ပြေမယ်ထင်ပါတယ် ... Window 7 နဲ့ Vista အတွက်ဆိုရင်တော့ ဒီအောက်က Iso file ကို Download ချလိုက်ပါ ...

Download link : :>>

Download link : :>>

Download link : :>>


ဒေါင်းပြီးသွားပြီဆိုရင်တော့ CD ခွေနဲ့ Burn လိုက်ပါခင်ဗျာ .. ပြီးရင်တော့ စောစောကလိုပဲ CD ခွေကိုထည့်လိုက်ပါ.. ပြီးရင် CD ကနေပြီးတော့ Boot တက်ခိုင်းလိုက်ပေါ့ .. တက်ခိုင်းပြီးသွားရင်တော့ အဲဒီ့မှာ အလုပ်လုပ်တာကို ခဏစောင့်ပါ ... စောင့် လိုက်ရင် သူက နံပါတ်တွေနဲ့ဘေးကစာတွေ ပေါ်လာပါ့မယ် ..

အဲဒီမှာ နံပါတ် ၁ ကိုရွေးပြီးတော့ Enter ခေါက်လိုက်ပါ .. သူဆက်ပြီးတော့ အလုပ်လုပ်ပါလိမ့်မယ် ...အဲဒါကိုစောင့်လိုက်ပါ .နောက်ကျရင် အောက်ကလိုပေါ်လာပါ့မယ် ..


Click ! Image to zoom!


[root@trk]:(")* ပေါ်လာပြီဆိုရင် ..အဲဒီ့မှာရိုက်ရပါ့မယ် ..


[root@trk]:(")* winpass -u username


ဥပမာ: [root@trk]:(")* winpass -u mglhulin

အဲဒီ့လိုကလေးပါ .. အဲဒါဆိုရင် သူစစ်စရာရှိတာတွေကိုစစ်ပြီးတော့ အောက်မှာ Window ရှိတဲ့ Drive ကိုဖော်ပြပေးပါ့မယ် ..
အဲဒီ့မှာ Window ရှိတာက 1 မှာရှိတယ်ဆိုတော့ 1 ပေါ့ .. 1 ကိုရိုက်ပြီးတော့ Enter ခေါက်လိုက်ပါ...


Click ! Image to zoom!

ခေါက်ပြီးရင် အောက်က ပုံမှာလို ပြလာပါ့မယ် ..
User Edit Menu မှာ နံပါတ်တွေနဲ့ ပြပါမယ် .. 1,2,3,4 ဆိုပြီးတော့ ရှိပါ့မယ် ..
ကျွန်တော်တို့က အခု က Password ကို ဖယ်ပစ်မှာဖြစ်တဲ့အတွက် 1 ကိုရွေးပြီးတော့ Enter ခေါက်လိုက်ပါ့မယ် ..
2 ဆိုရင်တော့ Password ကို Edit ပြန်လုပ်ဖို့ပါ ..


Click ! Image to zoom!


1 ကိုရိုက်လိုက်တဲ့အခါမှာ အောက်မှာ Password Cleared ဆိုပြီးတော့ ပေါ်လာပါ့မယ် ..

ပြီးရင်တော့ အဲဒါကို သူက overwrite မှာလားပေါ့ မေးလာပါလိမ့်မယ် .. [Y/N] လုပ်မှာလား မလုပ်ဖူးလားပေါ့..
အဲဒါဆိုရင်တော့ Y ကိုပေးပြီးတော့ Enter နှိပ်လိုက်ပါ .. ရသွားပါပြီ .. Password clear ဖြစ်သွားပါပြီ..

Click ! Image to zoom!



ပြီးရင်တော့ ပထမအဆင့်ကလိုပဲ [root@trk]:(")* ဆိုပြီး စာကြောင်းပြန်ပေါ်လာပါလိမ့်မယ် ..
အဲဒါဆိုရင်
[root@trk]:(")* reboot


ဆိုပြီးတော့ ရိုက်ပြီးတော့ ခဏစောင့်လိုက်ပါ .. Restart ချပြီးပြီဆိုရင် ခွေကိုထုတ်ပြီးတော့ Window ပြန်တက်ကြည့်လိုက်ပါ ..Password ကို အောင်မြင်စွာရှင်းလင်းပြီး ဖြစ်ပါတယ်ခင်ဗျာ .. အဆင်ပြေမယ်လို့ထင်ပါတယ် ....




There is no success without hardship
ခက်ခဲကြမ်းတမ်းမှုမရှိပဲအောင်မြင်မှုမရှိဘူး

အွန်လိုင်းတွင် မိမိရဲ့ အကောင့်လုံခြုံရေး (၁၀) ဆင့် (ပြန်မျှဝေပါတယ်)

အွန်လိုင်းတွင် မိမိရဲ့ အကောင့်လုံခြုံရေး (၁၀) ဆင့်


Click ! Image to zoom!


ဒီပိုစ့် ကို ကျွန်တော်ရေးတာမဟုတ်ပါဘူး ... World Wide Myanmar ကနေပြီးတော့ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ Online ကိုတက်လာပြီဆိုရင် အနည်းဆုံးတော့ gmail account တစ်ခု ရှိပါ့မယ်.. အဲဒီ့ account ထဲမှာ အရေးကြီးတာတွေ လည်း ရှိနိုင်ပါတယ်.. အဲဒါကြောင့် ကိုယ့်ရဲ့ Account ကို လုံခြုံရေးပေါ့ .. သတိပြုရမယ့် အချက်ကလေးတွေ ကို ကျွန်တော် ပြန်ပြီးတော့ မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ ... ကိုယ့်ရဲ့ account တွေအတွက် လုံခြုံရေး အသိလေးပါ .. ဖတ်ကြည့်စေချင်ပါတယ် ..

၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန်

အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့ တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာ (http://www.worldwidemyanmar.com/ ဘာကြောင့် Official Site ဖြစ်တာလဲ ? http://www.worldwidemyanmar.com/about တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်း ကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိအမှတ်ပြုထားတဲ့ personal portfolio တွေ နဲ့ forums တွေ။ ဒါက အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ....

၂) မှန်းဆရခက်သော password ပေးခြင်း

တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။
နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။
နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal စသည့်ဖြင့်ပေးကြပါတယ်။
ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။ ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။

၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့

တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါတယ်။ နောက်တစ်ခုက official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ် system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။

၎) Password ကိုမကြခဏပြောင်းပါ။

ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃ နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။

၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။

အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot လိုနေရာမျိုးမှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online Transaction တွေဆိုရင်လုံးဝကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။ အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE ဆိုရင် Tools > Internet Options > Content > AutoComplete. Uncheck option “User names and passwords on forms” and click on “Clear Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင် Clear Recent History or Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့် ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။

၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။
Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။

၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့
ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။

၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး
ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့် တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။
နောက်တစ်ခုက မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။ ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။

၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ
ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့ ခြေရာကို မလွယ်တကူမလိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE ဆိုရင် clicking Tools > Internet Options > Delete Cookies and Delete Files

၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ
မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက် သတင်းထူးများကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။

Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။ ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး မိမိတို့ရဲ့ Info ကိုခိုးတာပါ။

ဥပမာအနေနဲ့ပြောရင် ကျွန်တော့်ရဲ့ အီးလ်မေးကိုရရင် မေးလ်တစ်ခုတည်းမဟုတ်ဘူး ၄င်းထဲမှာပါတဲ့ banking/business/domain စသည်အများကြီးပါသွားပါလိမ့်မယ်။ နောက်တစ်ခုက အဆက်အနွယ်ပါ။ ကျွန်တော့်အကောင့်ကိုသိရင် ကျွန်တော်ထိန်းချူပ်ထားတဲ့ Domain နဲ့ Hosting ကိုသိမယ်။ ကျွန်တော်ရေးတဲ့ ဖိုရမ်ကိုသိမယ် ။ ၄င်းမှတစ်ဆင့် ဖိုရမ်၊ domain၊ Hosting မှ အခြားသော member တွေရဲ့ User name နဲ့ password ကိုသိသွားပါလိမ့်မယ်။

ကျွန်တော့်ရဲ့လုပ်ထုံးတစ်ခုက အကယ်၍ ဖိုရမ်တစ်ခုဝင်ရင် အဲ့ဖိုရမ်ရဲ့ မိမိအပေါ်မှာ level အနိုပ်အမြင့်ကိုကြည့်ပြီး password ကိုပေးပါတယ်။ ဆိုလိုတာက တစ်ခြား ဖိုရမ်တွေမှာ admin123 လို့ပေးနေကျဖြစ်ရင် admin or mod အနေနဲ့ ၀င်နေတဲ့ ဖိုရမ်၊ Website၊ Hosting တွေဆိုရင် ကျွန်တော် မတူတဲ့ Password ကိုပေးထားတတ်ပါတယ်။

ဒီလိုအကြောင်းတွေကြောင့် ကျွန်တော့်ရဲ့ သက်ဆိုင်သူကိုတောင် ကျွန်တော့် Password မပေးပါဘူး။ မယုံကြည်လို့ မရိုးသားလို့တော့ မဟုတ်ပါဘူး။ မိမိအကောင့်တစ်ခုတည်းမဟုတ်ပါဘူး အခြား မိမိဆက်နွယ်တဲ့သူတွေရဲ့ privacy ဆိုတာရှိပါသေးတယ်...

credit to:: www.worldwidemyanmar.com

Post ရဲ့ အောက်က ပုံလေးတွေ ....(For Blogger)

Post ရဲ့ အောက်က ပုံလေးတွေ ....

Click ! Image to zoom!

ဒီနည်းကလေးကို သိနေတာ တော့ ကြာပါပီ .. ဒါပေမယ့်လည်း မပြောဖြစ်တာနဲ့ .. ကြာနေတာ ဖြစ်သွားပါတယ် .. Blog က ပိုစ့်တွေ ရဲ့အောက်ကနေပြီးတော့ ပုံကလေးတွေ နဲ့ ပြထားတာ တာ မြင်ဖူး ကြမှာပါ .. လုပ်တာကတော့ မခက်ပါဘူး .. ဒါပေမယ့် မလုပ်တတ်သေးရင်တော့ ဘယ်ကနေပြီးတော့ ဘယ် လို လုပ်ရမယ်မသိဘူးပေါ့ ... js ထည့်ရမှာလား ... Css နဲ့ ပဲ ပုံဖော်ရမှာလား ..... အဲလို ဖြစ်နေပါလိမ့်မယ် .. တကယ်တမ်းလုပ်မယ်ဆိုရင်တော့ လည်း သူပေးတဲ့ ဆိုဒ်ကလေးမှာ သွားပြီးတော့ လုပ် လိုက် ရုံပဲ ... ပြီးရင် အဲဒီ့ ဆိုဒ် ကနေ ပြီးတော့ blog ထဲကိုဘယ်လို ထည့်မလဲ ဆိုတဲ့ ပုံကလေးပြတာကို လိုက်ပြီးတော့ထည့်လိုက်ရုံပါပဲ ... ကျွန်တော်တို့လို software မျှဝေသူများ အတွက် ဆိုရင်လည်း ဘာ soft ဆိုတာကို လာဖတ်တဲ့ သူတွေ အနေနဲ့ ပုံကလေးတွေ ကြည့်ရုံနဲ့ အဲဒီ့ soft ကလေးတွေ ကို စိတ်ဝင်စား စေတာပေါ့ ..... အဆင်လည်းပြေပါတယ် ... ဘယ်လိုကနေပြီးတော့ စလုပ်မလဲ ...

ပထမဆုံး www.Linkwithin.com ဆိုတဲ့ ဆိုဒ်က လေး ကို သွားလိုက်ပါ ...
အဲဒီ့ကိုရောက်ပြီဆိုရင်တော့ ပထမဆုံး Email address ကို ဖြည့်ပေးလိုက်ပါ...
ပြီးရင်တော့ blog ရဲ့ လိပ်စာကိုထည့်ပေးပါ ....
Plagform ဆိုတာမှတော့ ကိုယ်က Blogger နဲ့ရေးတာလား wordpress နဲ့ရေးတာလား ... အဲဒီ့မှာ Blog နဲ့ရေးတာဆိုတော့ ... Blogger ဆိုတာကလေးကိုရွေးပေးလိုက်ပါ ....
Width ဆိုတာမှာကကျတော့ ... ကိုယ်က ကိုယ့် blog ရဲ့ content width နဲ့ ညှိပြီးတော့ ပုံတွေကို ထည့်ရပါမယ်.... ၃ ပုံလား ၄ ပုံလား ၅ ပုံလား ... အဲဒါကလေးကိုရွေးပေးရပါမယ် ... ကိုယ့် blog ရဲ့ post ရေးတဲ့ width ကိုကြည့်ပြီးတော့ ဘယ်နှပုံလောက်ဖြင့် ဆန့်မယ် ပေါ့ ... ရွေးပေးလိုက်ပါ ...
ပြီးရင်တော့ အောက်က Get widget ဆိုတဲ့ buttom ကြီးကိုနှိပ်လိုက်ပါမယ်...
နှိပ်ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာတစ်ခုပေါ်လာပါ့မယ် ...

Click ! Image to zoom!


အဲဒီ့မှာ Install Widget ဆိုတာကလေးကိုနှိပ်လိုက်ပါ ...
နှိပ်လိုက်ရင်တော့ နောက်စာမျက်နာတစ်ခုကိုရောက်သွားပါဦးမယ် ..
အဲဒီ့မှာမှ add widget ဆိုတာကို နှိပ်လိုက်ပါဦး ...
နှိပ်လိုက်ရင် blog ရဲ့ layout တွေ ပြောင်းတဲ့နေရာကိုရောက်သွားပါ့မယ် ..
အဲဒီ့မှာ link within ဆိုတာကလေးကို Blog posts ဆိုတာရဲ့ အောက်ကိုရွှေ့ပေးလိုက်ပါ ..
ပြီးရင်တော့ save ပေးပြီးတော့ ကိုယ့်ရဲ့ blog ကိုကြည့်လိုက်ပါ ...
ဒါဆိုရင် blog post ရဲ့ အောက်တွေ မှာ ပုံကလေးတွေ နဲ့ ခေါင်းစဉ်ကလေးတွေ နဲ့ ဖော်ပြပေးနေပါလိမ့်မယ် ...
အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...




You will find the key to success under the alarm clock.
သင့်ရဲ့အောင်မြင်ခြင်းတွေ ကို နှိုးစက်နာရီ နဲ့တောင် ရှာဖွေတွေ့ရှိနိုင်ပါတယ် ....

http://mglhulin.blogspot.com/search?updated-max=2010-06-23T05:05:00%2B06:30&max-results=6&start=30&by-date=false

Related Posts Plugin for WordPress, Blogger...