This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Wednesday, June 27, 2012

သို့သော်



-လူမသိသူမသိ လူတစ်ယောက် သို့သော် ကဗျာတွေရေးနေတယ်

-သဘာဝကသူ့အလုပ်သူလုပ်နေတယ် သို့သော်လူတွေက ပြောင်းလဲနေတယ်

-ပုဆိုးဝတ်တဲ့လူမျိုးတွေ၊ထဘီဝတ်တဲ့လူမျိုးတွေ ဘောင်းဘီ၊စကပ်(အတို၊အရှည်)တွေဝတ်ကုန်ပြီ

သို့သော် မိမိဘာလူမျိုးဆိုတာကိုတော့ အမြဲသတိထားသင့်တယ်။

-ဆံပင်ထောင်ချင်ထောင်ပေါ့၊ မာနတော့မထောင်ကြပါနဲ့။

-One-way ဆံပင်တွေထားပေမဲ့ ပြဿနာကိုတော့ နည်းတစ်နည်းထဲနဲ့ ဖြေရှင်းလို့မရဘူး

-နားကပ်တွေဖောက်ထားပေမဲ့ အမြင်တွေမမှောက်မှားဖို့လိုတယ်

-ဆံပင်တွေအရောင်ဆိုးပေမဲ့ စိတ်ထားတွေဖြူစင်ဖို့လိုတယ်။

-ရောဂါဖောက်မှသေတာမဟုတ် ငွေနဲ့ပေါက်လို့ဘာသာပျောက်တဲ့သူတွေ တစ်ပုံကြီးရယ်….

-ခဲကျည်(Lead-Bullet)နဲ့ ပစ်မှသေတာမဟုတ်ဘူး ငွေကျည်(Money-Bullet)နဲ့
ပစ်လို့ နေစရာနေရာပျောက်တဲ့လူတွေ ဒုနဲ့ဒေး
-စီးပွားရေးတော့တွဲလုပ်ကြပေါ့၊ကြီးပွားရေးနဲ့ နိုင်ငံပိုင်ဆိုင်မှုတွေကိုတော့ ဆွဲမမြှုပ်စေချင်ဘူး။

-စီးပွားရေးတိုးမတိုးတော့မသိ မြို့သစ်မှာတော့ မြန်မာတွေတိုးလာခဲ့ပြီ။

-ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်ချရေးမိတယ် သို့သော်………………….။    ။



                                                               စာဖတ်သူ သူငယ်ချင်းမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ။
                                                                                                                                            လေးစားလျက်
                                                                                                                                  ကိုနော်(Wisdom Life)

Tuesday, June 19, 2012

One Thing We needs


One Thing We needs
                ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
          ကိုယ်ချင်းစာစိတ်ဟူသည် လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာ အရမ်းကို စကားပြောပါတယ်(အရေးပါတယ်) ကိုယ့်မှာ ဒီလိုမျိုးခံစားရရင် ကျေနပ်မလား ဆိုပြီး အရင်ခံစားနားလည်တက်တဲ့ ကိုယ်ချင်းစာစိတ်မွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
          လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာ စစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ် ၊မိမိအိုးအိမ်တည်မြဲရေး၊မိမိမျိုးဆက် ကျန်းမာပျော်ရွှင်ရေး စသောအချက်တွေကို ဆောင်ကျဉ်းပေးနိုင်မယ် “ထာဝရငြိမ်းချမ်းရေး” ကိုသာလိုလားတယ်လို့ထင်ပါတယ်။
          ဒေါသတွေပါတဲ့ လုပ်ရပ်တွေကြောင့် အပူမီးတွေဟာ ဆက်ဆက်ပြီးလောင်ကျွမ်းစေခဲ့ပါတယ်။ရန်ကိုရန်ချင်း ပြန်ဖြေရှင်းနေရင်တော့ ကမ္ဘာသာပျက်သွားမယ်။စစ်ပွဲက ပြီးမှာမဟုတ်ပါဘူး။ရန်ငြိုးဆိုတာ အဆုံးသတ်ရိုးထုံးစံမရှိပါဘူး။
          အကယ်၍ တစုံတစ်ယောက်က ကိုယ့်ကို ကိုယ့်အမျိုးကို စော်ကား၊ဖျက်စီးလိုက်တယ်ဆိုရင်လဲ။ဒေါသဖြစ်မှာမှန်ပေမဲ့။ ဒေါသနဲ့မဖြေရှင်းပဲ တရားဥပဒေဘောင်အတွင်းကသာ ဖြေရှင်းသင့်ပါတယ်။
          “ဒေါသနောက်မှာ အမှားတွေ နောင်တတွေလိုက်လာတက်ပါတယ်။”
အမှားကို ကြိုသိမြင်ထားမှ ရှောင်ကျဉ်နိုင်မှာပါ။
          “ဒေါသကြောင့် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေမဖြစ်စေချင်တော့ပါဘူး။”
ဟီရိုရှီုးမား ကိုနျူကလီးယားဗုံး ချတုန်းက ဗုံးဒဏ်သင့် ကလေးလေးရေးခဲ့တဲ့ကဗျာလေး တိုက်ဆိုင်လို့ မျှဝေလိုက်ပါတယ်။ကဗျာလေးကအောက်ပါအတိုင်းပါ………………….


ပြန်လျော်ပေး
ကျွန်တော့်အိမ်တွေပြန်လျော်ပေး
ကျွန်တော့်မိဘတွေ၊ဆွေမျိုးတွေ ပြန်လျော်ပေး
ကျွန်တော့်ကိုလဲ ပြန်လျော်ပေး
ပြန်လျော်ပေး……..ပြန်လျော်ပေး။
အဲလိုသနားစဖွယ် မြည်တမ်းနေပေမဲ့ နောင်တရားတွေနဲ့သာ အဆုံးသတ်သွားပါတယ်။ဒီလိုမဖြစ်ရအောင်
“အပြန်အလှန်လေးစားတန်ဖိုးထားကြပါစို့”
လေးစားလျက်
ကိုနော်(Wisdom Life)

Sunday, June 17, 2012

ကြိုက်မိတဲ့ antivirus တစ်ခု (Smadav.2012)

တော်တော်ကောင်းပါတယ် သုံးကြည့်ပါ။တခြားအန်တီဗိုင်းရပ်စ်တွေမသတ်နိုင်တဲ့ဟာသူသတ်နိုင်ပါတယ်။
အင်ဒိုနီးရှားက လူတွေလုပ်ထားတဲ့ဆော့ဝဲလေးပါ။ပြန်မျှဝေလိုက်ပါတယ်။
အဆင်ပြေကြပါစေ။အောက်မှာဒေါင်းလိုက်ပါ။
keys လဲပါပါတယ်။
ဒီမှာဒေါင်းပါ

Saturday, June 16, 2012

မိုး..... Rain

မိုးနဲ့အတူ ကြည်နူးနေတဲ့လူရှိတယ်

လွမ်းဆွေးနေတဲ့လူရှိတယ်။

စိမ်းညို့ညို့သဘာဝတရားတွေရှိတယ်။

မိုးနဲ့အတူ လှပတဲ့ ပန်းတွေဖူးပွင့်တယ်။

ဘယ်ဆီပြေးလို့လွမ်းရမှန်းမသိတဲ့အ၇ာတွေလဲရှိသေးတယ်။
လ၀ါဆိုခါသမယ မှာ သွန်းချလိုက်တဲ့ မိုးရေစက်တွေဟာ ကမ္ဘာမြေကြီးရဲ့နေရာ အနှံ့အပြားကို စိုစွတ်အေးချမ်းစေပေမဲ့ ကျွန်တော့်ရင်ခွင်ရဲ့ခြောက်သွေ့ အကျည်းတန်နေမှုကိုတော့ ကုစားမပေးနိုင်ခဲ့ပါဘူး။အစကပထမက ဖြေးဖြေးနှေးနှေးရွာချနေပေမဲ့ မျက်မာန်တော်ငြိုး အမျက်တိုးလာပြီး တဝေါဝေါရွာ၊ မိုးကြိုးက တ၀ုန်းဝုန်း၊လျှပ်စီးက တလျှပ်လျှပ် တံစက်မြိတ်ကရေကျသံက တစက်စက်၊ခေါင်းမိုးပေါက်ကကျနေတဲ့ရေကျသံက တတောက်တောက် သံစုံတီးဝိုင်းနှင့် သူ့ဇာတ်သူ က နေသလိုပင်………………………….။
ဤအချိန်မျိုးကို ကျွန်တော်ဘယ်မှမထွက်ချင် မသွားချင်တော့ ဘယ်ဆီမှန်းလို့လွမ်းရမှန်းမသိ အိပ်ယာထဲသာ စောင် နဲ့ ကွေးနေမိတက်တယ်………………။
ရှုလော့ မိတ်ဆွေဟိုအဝေးဆီက မှိုင်းပျပျနှင့် မြွေတစ်ကောင်လို ရစ်ခွေနေသော တောင်တန်းကြီးများမှာ မြူခိုးများနှင့်ရစ်သိုင်းလို့……………………………….
၎င်းမြင်ကွင်းကိုကြည့်ရင်………အလွမ်းဓာတ်ခံရှိသူအဖို့ “ငိုချင်ရင်းလက်တို့” ဆိုသလို အလွမ်းအဆွေးများကို အသက်သွင်းပေးနေသလို………………………………………
သဘာဝဥတုမိုးကတော့ သူ့တာဝန်သူကျေပွန်စွာ ထမ်းဆောင်နေဆဲပဲ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့…..
မိုးရွာလို့ ပျော်ရွင်နေကြတဲ့ သူတွေရှိသလို လွမ်းမောစိတ်ညစ်နေတဲ့ သူတွေလဲ ဒုနဲ့ဒေး……….ပါမည်မလွဲ။ စာဖတ်သူလဲ ဘယ်အမျိုးအစားထဲပါမည်မသိ………..။သိချင်စမ်းပါဘိ…………။
သဘာဝ သဘောတရားအရ အရာရာတိုင်းမှာကောင်းကွက်လဲရှိသလို ဆိုးကွက်လဲဒွန်တွဲပါစမြဲ………….။
ကောင်းခြင်းဆိုးခြင်းဟာ သက်ရောက်သူပေါ်မှာမူတည်သလို သက်ရောက်ခံရသူပေါ်မှာလဲ မူတည်ပါတယ်။ကျွန်တော့ရင်ထဲမှာတော့ မိုးရွာတိုင်းလွမ်းစိတ်ဆွေးစိတ်နဲ့ တရိပ်ရိပ်တက်လာခဲ့တာ ယနေ့တိုင်ပင်…………………………………………..လွမ်းပင်လွမ်းသော်ငြားလဲ ဘယ်ဆီမှန်းလို့လွမ်းရမည်မသိ…..။အဝေးတစ်နေရာက ချစ်သူဆီလား၊သူငယ်ချင်းတွေဆီလား၊ရေမြေခြား နိုင်ငံခြားနေတဲ့ မိသားစုဆီလား…..ညီလေးညီမလေးတွေကိုလား…………….။
ဘယ်ဆီမှတော့ မလွမ်းချင်တာတော့ အမှန်ပင်…………..။တစ်ခါတစ်လေလဲ လွမ်းရဆွေးရမှပင် ဘ၀က ရသ မြောက်သွားပေသည်။တစ်ခါတစ်လေမှာ လွမ်းစရာကိုပင် လိုက်၍ရှာနေတက်သူဟာ ကျွန်တော်ပါ။ ထိုအချိန်မျိုးတွေ “၀ါလိုက်ပါ့မိုး” လို့ပဲပြောရမလား။
မလွမ်းချင်လျှင် “ညိုပါနဲ့နော်မိုးရယ်" လို့ပြောရမလား။အမျိုးမျိုးပြောင်းလဲနေမိသည်။သို့ပေသော်ငြားလွမ်းစိတ်ဆွေးစိတ်က ကြာကြာမထားလိုသဖြင့်…………………..ဟုသာ ပြောလိုက်ချင်ပါသည်။
ကြိုးစားပါအုန်းမည်။
အစဉ်ကြိုးစားလျက်
ကိုနော် (Wisdom Life)


Friday, June 15, 2012

ကျွန်တော့်ဘ၀ပြောင်းလဲမှုမှတ်တိုင်သစ်

ကြိုးဆွဲရာ က တက်တဲ့ ရုပ်သေးရုပ်လဲမဟုတ်တော့ပါ

ခံစားချက်တွေနဲ့ ပုထုဇဉ်လူသားတစ်ယောက်ပါ

ခံစားတက်တယ် နာကျည်းတက်တယ်

ပျော်ရွှင်တက်တယ် ၀မ်းနည်းတက်တယ်

ချစ်တက်တယ် မုန်းတက်တယ်

ပုံစံခွက်ထဲ အတင်းသွတ်သွင်းရအောင် သံတုံး တစ်တုံးလဲမဟုတ်ဘူး

ဒါဆိုဒါပဲ ခိုင်းတာလုပ်ရအောင် နွားတစ်ကောင်လဲမဟုတ်ဘူး

ရှုးတိုက်တိုင်း ကိုက်တက်တဲ့ ခွေးတစ်ကောင်လဲမဟုတ်ဘူး

ယုယမှုတွေကို အမြဲခံချင်နေတဲ့ ကြောင်တစ်ကောင်လဲမဟုတ်ဘူး။

ကျုပ်လုပ်ချင်တာ ကျုပ်ဖြစ်ချင်တာ ကျုပ်လုပ်ခွင့်ရှိတယ်

ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ် လာမချုပ်ချယ်ပါနဲ့

နာခံဖို့ကတော့ ဆောရီးပဲ.......

လူကိုပဲအချုပ်ခန်းထဲ ထည့်ချင်ထည့်လို့ ရမယ်

ကျုပ်ရဲ့ စိတ်ဝိညာဉ်ကိုတော့ ချုပ်ကိုင်ချယ်လှယ်လို့မရဘူး

လွတ်လပ်မှု တရားမျှတမှု ကိုပဲမြတ်နိုးတယ်

လာမချုပ်ချယ်နဲ့ လာမစိုးမိုးနဲ့

မတရားမှုတွေ မလိုလာဘူး

အသက်အသေခံပြီး အမှန်တရားကို ၀န်ခံသွားမယ်။

ဒီနေ့ကစပြီး အရာရာကို ပြောင်းလဲလိုက်ပြီ

စိတ်ဓာတ်က စ ပြီးတော့ပေါ့။

မနေ့က ကျွန်တော်မဟုတ်တော့ဘူး

ကျုပ်ဝါသနာပါရာ ကျုပ်အားသန်ရာကိုပဲ 

အောက်ကျချင်ကျ ၊ ဆယ်ခါမက ရှုံးနိမ့်ချင်ရှုံးနိမ့်

ဒူးမထောက်ဘူး၊ လက်မမြောက်ဘူး

ဦးမညွတ်ဘူး၊မငိုကြွေးဘူး

မကြေကွဲဘူး၊ နောင်တ မရဘူး

နောက်မဆုတ်ဘူး၊မရပ်တန့်ဘူး

မနေ့ကျွန်တော်မဟုတ်တော့ဘူး

ဒီနေ့ကျွန်တော်ပါ။

ကြိုးစားပါအုန်းမည်။

ကိုနော်(Wisdom Life)

Thursday, June 14, 2012

မှတ်သားသင့်သော အရာလေးများ။

၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။
၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။
၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။
၎။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။
၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။

မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅

Wednesday, June 13, 2012

Poem for Myanmar(To Know for Terrorists)


ခပ်နုံနုံအတွေးတွေနဲ့ လူတွေသတ်
အိမ်တွေမီးရှို့နေတဲ့ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာတွေ
ကိစ္စတစ်ခုခုကို အကြောင်းအရင်းမစဉ်းစားဘဲ
ဒေါသရှေ့ထားကြပြီး ဥပဒေမဲ့လုပ်ဆောင်သတ်ဖြတ်တာတွေ
ရပ်တန်းက ရပ်ပါ။

အေးချမ်းသာယာစ မြန်မာနိုင်ငံကို
ဆူပူပျက်စီးအောင်မလုပ်ပါနဲ့
ငြိမ်းချမ်းသာယာတိုးတက်တာကိုပဲ လိုလားပါတယ်။

ပြဿနာတစ်ခုကို မြင်ကွင်းကျယ် အမြင်နဲ့
ကြည့်ပြီးဆုံးဖြတ်ဖို့သင့်ပါပြီ။
ကိုယ့်ဘက်၊ကိုယ့်ဘို့ ကိုပဲမကြည့်စေချင်ဘူး။
မြန်မာ့တပ်မတော်ကလဲ ဒီနေ့ကစပြီး………..
ကျူးကျော်လာသူ နယ်ချဲ့မှန်သမျှကို
စွမ်းစွမ်းတမံ ချေမှုန်းပါလိမ့်မယ်……….။

ဂုဏ်သိက္ခာ ရှိတဲ့မြန်မာ့တပ်မတော်ဖြစ်အောင်
ပြန်လုပ်မယ်လို့ ယုံကြည်ပါတယ်……….
မမှန်မကန် သတင်းတွေကိုလဲ
တွေးတွေးဆဆ ချင့်ယုံသင့်တယ်နော်။
ပွဲလန့်တုန်း ဖျာခင်းချင်သူတွေတစ်ပုံကြီး
ကျူးကျော်နယ်ချဲ့မှုတွေနဲ့ ဘာသာရေးမရောထွေးစေချင်ဘူး။

Media တွေကို အားကိုးတဲ့ခေတ်မှာ
Media တွေသိက္ခာရှိရှိ သတင်းပေးစေချင်တယ်။
မှန်မှန်ကန်ကန် စစ်ဆေးတင်ပြစေချင်တယ်။
(လာဘ်စား၊ဘက်လိုက်မှုကင်းဝေးကြပါစေ။)

တိုင်းရင်းသားတွေလဲအရင်လို
အေးချမ်းပါစေ၊ညီညွတ်ပါစေ
တရားမျှတပါစေ၊ငြိမ်းချမ်းကြပါစေ။

မြန်မာနိုင်ငံလည်း အရင်ကထက်
ငြိမ်းချမ်းသာယာ၊ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး
ဘာသာ သာသနာကို စောင့်ထိန်းနိုင်ပါစေ။
ထာဝရငြိမ်းချမ်းမှုကို ဖော်ဆောင်ကြပါ။

စစ်မြေပြင်ထက်က မြေဇာပင်ဖြစ်
နွမ်းကြေပျက်စီးကြရတာက ပြည်သူတွေ
ကလေးတွေ၊မိန်းမတွေ စသည့်
ယမ်းငွေ့ကြားမှ ခပ်ဖျော့ဖျော့အသက်ရှုသံများ……………….။

စစ်ဘေး၊သဘာဝဘေးစတဲ့ ကပ်ဆိုးကြားက
လူတွေအကြောင်းစဉ်းစားရင်း ခပ်တိုးတိုးညည်းမိတဲ့
အင်္ဂလိပ်သီချင်းစာသားလေးက
“Give Me Sunshine,
Give me Some Rain.
Give me another Chance,
To grow up Once Again!!!!!!!!!”

©Copy right by Ko Naw(Wisdom Life)

Monday, June 11, 2012

Myanmar Express Admin သို့

ကဲ မြန်မာ Express ကိုရေးနေတဲ့ ဘလော့ဂါရေ...............ခင်ဗျားတင်နေတဲ့သတင်းတွေ မှားနေတယ်ဆိုတာ အခုပေါ်လာပါပြီနော်။

အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို ခေါင်းစဉ်တင်ပြီး မဟုတ်မမှန်လိမ်ညာဖြီးဖြန်းပြီး
 ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး အပုတ်ချ ပုတ်ခတ်............နေတာတွေရပ်သင့်ပါပြီ။ ကျွန်တော် ခင်ဗျား အပေါ်ယုံကြည်စိတ်တွေ လုံးဝ ကုန်ဆုံးသွားခဲ့ပါပြီ။ ခင်ဗျားတင်ခဲ့တဲ့ ပို့စ်တွေဟာ အလကားဆိုလို့ မှတ်ယူလိုက်ပါပြီ။

စာဖတ်သူတို့လို့ ကြားကြပါလိမ့်မယ် ဒေါ်အောင်ဆန်းစုကြည်မှာ သမီးရှိတယ်ဘာညာဆိုတာပေါ့......ဒါလုံးဝမဟုတ်ခဲ့ မမှန်ခဲ့ပါဘူး။ ကာယကံရှင်က မဟုတ်ဘူးဆိုတာ သူ့ဖေ့ဘွတ်စာမျက်နှာမှာ......ဖော်ပြ၀န်ခံခဲ့ပါတယ်။

အောက်ပါအတိုင်းသူ့စာမျက်နှာမှာ တင်ပြရေးသားခဲ့ပါတယ်။

ရှင်သိပ်တရားလွန်နေပြီ နေမင်းဦး
ရှင့်ရဲ့လုပ်ရက်တွေက အရမ်းကို အောက်တန်းကျတယ် ကျမ နာမည်ကိုလဲရှင်
ယူသုံးထားတယ် ကျမ ကိုလဲရှင်စော်စော်ကားကားပြောသွားတယ်
ရှင် သိထားဖို့တော့ကျမ ပြောလိုက်မယ် နောက်တစ်ခါ ကျမကို
ထပ်ပြီးစော်ကားလာရင်တော့ ရှင့်ကို တရား ဥပဒေ အရ တရားစွဲမယ်
ရှင်ဘာသာရှင် Myanmar Express က ADMIN ဘဲဖြစ်ဖြစ်
မန်ဘာ ဘဲဖြစ်ဖြစ်ကျမ စိတ်မ၀င်စားဘူး
ရှင်သိထားဖို့က ကျမ ရှင့်ရဲ့ Profile ကို စုံစမ်းနေတယ်ဆိုတာ ကိုတော့ ရှင်သိထားပါ
လို့ပြောသွားခဲ့ပါတယ်။

ခင်ဗျာကိုကျွန်တော်ပြောချင်တာက ပြောချင်ရေးချင်နေရင်လဲ အမှန်တရားတွေကိုပဲ သေချာအောင် စဉ်းစားပြီးရေးမှပေါ့...................... ချီးဘရိမ်းနဲ့ အရှုးချီးပန်းလျောက်မရေးနဲ့ ......... ပြည်သူတွေမှာ ဦးနှောက်ရှိတယ်နော် ။

 စာဖတ်သူတို့လဲ ကာယကံရှင်စာမျက်နှာမှာသွားလေ့လာနိုင်ပါတယ်နော်။

https://www.facebook.com/khinshon.leltwai

အပေါ်မှာတင်ပေးလိုက်ပါတယ်။

တင်လိုက်တဲ့စာတစ်ကြောင်း စကားတစ်လုံးကြောင့် မိမိအကျင့်စာရိတ္တကို မထိခိုက် မကျဆင်းပါစေနဲ့။အမှန်တရားဘက်ကသာအမြဲရပ်တည်နိုင်ပါစေ။ Myanmar Express Admin ရေ။
အမှန်တရားဘက်က အမြဲရပ်တည်နေပါအုန်းမည်။

Sunday, June 10, 2012

ဘယ်ပုံဘယ်နည်း

ရတနာမြေလို့ ခေါ်ရလောက်အောင် ကိုများပြားလှတဲ့ သဘာဝသယံဇာတတွေရှိတဲ့ မြန်မာနိုင်ငံကို ပြည်သူတွေ အတွက်လဲ အကျိုးရှိရှိ၊ သဘာဝကိုလဲ မပြုန်းတီးအောင် Balance မျှမျှ အသုံးချသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ 10 စုနှစ်တစ်ခုလောက်နောက်ကျခဲ့လို့နည်းပညာပိုင်းမှာ အနည်းငယ်နောက်ကျကျန်ရစ်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ အထိုက်အလျောက်လမ်းတွေပွင့်လာသလို နည်းပညာ(Technology)တွေလဲ တိုးတက်လာပါပြီ။

ကျွန်တော်မြင်တဲ့ လိုအပ်ချက်တစ်ခုက
သဘာဝသယံဇာတတွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ
ဆိုတဲ့ နည်းပညာပိုင်းအတက်ပညာပိုင်းတွေ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။
ဒါတွေကိုတက်မြောက်ဖို့ ပညာတော်သင်တွေကိုလဲ သူတို့ဝါသနာနဲ့ ကိုက်ညီတဲ့လူကို ရွေးချယ် ပြီး ပြန်အသုံးချနိုင်မယ့် လူမျိုးကိုသာ လွှတ်သင့်ပါတယ်။ တချို့လူတွေက ပြောလိမ့် မယ်။
သယံဇာတတွေရောင်းစားရင် ပိုက်ဆံရ(Dollar)ရတာပဲ၊ရတဲ့ ပိုက်ဆံနဲ့ စက်ပစ္စည်းတွေ ၀ယ်လို့ရတာပဲ ဘာအတက်ပညာတွေလို လို့လဲ
လို့မေးကြပါလိမ့်မယ်။
ရပေသော်ငြားလဲ
 အဲ ဒီ သယံဇာတတွေက တစ်ချိန်မှာ ကုန်ခမ်းသွားရင်ဘာဆက်လုပ်ြ့ကမလဲ။
ငုတ်တုတ်ထိုင်နေကြမှာလား။ တနပ်စားမကြံကြပါနဲ့။ သဘာဝကို အသိပညာအတက်ပညာတွေပေါင်းပြီးမှ ပြည်ပကို ထုတ်ကုန်အဖြစ် ပို့ရင်ပိုမရဘူးလား၊။ ရတာပေါ့ လို့ပဲ စာရေးသူက ပြန်ဖြေပါ့မယ်။

သဘာဝ+လုပ်အား(ကာယ+ဥာဏ)=တန်ဖိုး
ဆိုတဲ့ Equation ကြီးလိုပါပဲ၊ ပေါင်းစပ်ဖန်တီး တီထွင်ကြံဆမှ သာလျှင် တန်ဖိုးကိုရရှိမှာပါ။




ညည်းခြင်း

ချိုးဖောက်နေကြတဲ့ လူ့အခွင့်အရေးတွေ ကို မုန်းလှပါပြီ....................
ဝါသနာနဲ့အလုပ်နဲ့မကိုက်တဲ့ အလုပ်အကိုင်တွေကို မုန်းလှပါပြီ။
လဘ်ပေးလဘ်ယူ ၀န်ထမ်းတွေ စိတ်ဓာတ်တွေကို မုန်းလှပါပြီ.............
ချိုမြတဲ့အပြုံးအောက်က အမုန်းတရားတွေကိုလဲ မုန်းလှပါပြီ..................
တစ်ခါတစ်ခါ တုံး အ   လှတဲ့ ကိုယ်ကိုကိုယ်လဲ မုန်းလှပါပြီ.............
အဆုံးဖြတ်မရဲတဲ့ ကိုယ်ကိုကိုယ်လဲ မုန်းလှပါပြီ.............
လက်ဖက်ရည်ဆိုင်ထိုင်အချိန်ဖြုန်းခဲ့တဲ့ အချိန်တွေကိုလဲ မုန်းလှပါပြီ.............
အကျိုးမရှိတဲ့စကားတွေပြောရတာလဲ မုန်းလှပါပြီ.............
မာယာတွေ မုသားတွေနားမလည်တဲ့ ကိုယ်ကိုကိုယ်လဲ မုန်းလှပါပြီ.............
ဆုံးဖြတ်ချက်မပြတ်သားတဲ့ ကိုယ့်ကိုကိုယ်လဲမုန်းလှပါပြီ...............
စည်းကမ်းမလိုက်နာသေးတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းလှပါပြီ.............
နှလုံးသားဒဏ်ရာတွေ အထပ်ထပ် နဲ့ အမှတ်မရှိတဲ့ ငမိုက်သား ကျွန်တော့ကို ကျွန်တော် မုန်းလှပါပြီ။
အချစ်ရေးမှာအရာရာ..........................................................မုန်းလှပါပြီ။

ဒါကြောင့် လွတ်လပ်မှုတွေ လူသားချင်းစာနာမှုတွေ လူ့အခွင့်အရေးတွေ လေးစားမှုကိုပဲ သင်ယူခွင့်ပေးပါ။
ခေါက်ရိုးကျိုးနေတဲ့ သင်ရိုးညွန်းတန်းတွေ မီးသဂြိုလ်ခွင့်ပြုပါ..............။



Related Posts Plugin for WordPress, Blogger...